အိမ်ဖြူတော်ဝန်ထမ်းတွေကို နှာခေါင်းစည်းတပ်ဖို့ ညွှန်ကြားထားပေမဲ့ ဒေါ်နယ်ထရမ့် နှာခေါင်းစည်းတပ်မှာမဟုတ်

12-5-2020-yyl-006.jpg

အိမ်ဖြူတော်ရဲ့ အနောက်ဆောင်ကို ဝင်ရောက်တဲ့အခါ နှာခေါင်းစည်းတပ်ထားဖို့ ဝန်ထမ်းတွေကို ညွှန်ကြားထားပေမဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ တခြားသူတွေနဲ့ ခပ်ဝေးဝေးနေလို့ နှာခေါင်းစည်းတပ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။ ” ကျွန်တော်ကတော့ နှာခေါင်းစည်းမတပ်ချင်ဘူး။ ကျွန်တော်က သမ္မတတွေ၊ အာဏာရှင်တွေ၊ ဘုရင်တွေ၊ ဘုရင်မတွေနဲ့ နှုတ်ဆက်နေရတော့ နှာခေါင်းစည်းတပ်ထားရင် ဘယ်လိုနေမလဲ၊ ကျွန်တော်တော့ နှာခေါင်းစည်းတပ်မှာမဟုတ်ဘူး”လို့ ဒေါ်နယ်ထရမ့်က ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အဝတ်အစားစီစဉ်ပေးသူနဲ့ ဒုတိယသမ္မတ မိုက်ပန့်စ်ရဲ့ မီဒီယာအရာရှိတွေမှာ COVID-19 ရောဂါပိုးတွေ့ရှိခဲ့ပြီးနောက် အိမ်ဖြူတော်က အခုလို ညွှန်ကြားခဲ့တာပါ။ အိမ်ဖြူတော်ဝန်ထမ်းတွေဟာ သူတို့ရဲ့အလုပ်စားပွဲမှာ ထိုင်နေချိန်ကလွဲပြီး ကျန်တဲ့အချိန်အားလုံး နှာခေါင်းစည်းတပ်ထားရမှာဖြစ်ပြီး လုပ်ဖော်ကိုင်ဖက်တွေနဲ့ ခပ်ဝေးဝေးနေရမှာပါ။

အမေရိကန်နိုင်ငံရဲ့ ထိပ်တန်းသမားတော်ကြီး ဒေါက်တာအန်သိုနီဖောစီအပါအဝင် အိမ်ဖြူတော်ရဲ့ ဗိုင်းရပ်စ်နှိမ်နင်းရေးတပ်ဖွဲ့ဝင် ၃ ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ရှိသူနဲ့ ထိတွေ့မိခဲ့ဖွယ်ရှိလို့ ၂ ပတ်ကြာ သီးသန့်ခွဲခြားနေထိုင်နေရပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top