vivo Showroom 3.0+ နဲ့ Service Centre တွဲလျက်ပါတဲ့ ဆိုင်ကြီးကို မော်လမြိုင်မြို့မှာ ဖွင့်လှစ်

8-7-2022-11.jpg

vivo ဟာ မြန်မာနိုင်ငံမှာ ပထမဆုံး vivo Showroom 3.0+ နဲ့ Service Center ယှဉ်တွဲပါရှိတဲ့ ဆိုင်ကြီးကို ဇူလိုင်လ ၇ ရက်နေ့က မော်လမြိုင်မြို့မှာ ဖွင့်လှစ်လိုက်ပါတယ်။ အခမ်းအနားကို vivo Myanmar မှ တာဝန်ရှိလူကြီမင်းများ၊ vivo အရောင်းကိုယ်စားလှယ်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနဲ့အတူ vivo Fans များ တက်ရောက်ခဲ့ပြီး ဖဲကြိုးဖြတ် ဖွင့်လှစ်ခဲ့ပါတယ်။ ဖွင့်ပွဲအထိမ်းအမှတ်အနေဖြင့် ချက်ချင်းဝယ် ချက်ချင်းရ လက်ဆောင်ပစ္စည်းများ၊ vivo ဖုန်း ဝယ်ယူပါက ရရှိနိုင်တဲ့ ကံစမ်းမဲအစီအစဉ်များ၊ 1 Year Warranty အစရှိတဲ့ Promotion တွေ လုပ်ပေးခဲ့ပါတယ်။

“ကျွန်တော်တို့ vivo အတွက် customers တွေက အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ vivo ဖုန်းကို မဝယ်ယူခင် တစ်နေရာတည်းမှာပဲ စုံစမ်းမှုလုပ်ရာကအစ ဝယ်ယူခြင်း၊ ပြင်ဆင်ခြင်း၊ ဖုန်းနဲ့ ဆက်စပ်ပစ္စည်းများရရှိခြင်း အစရှိတဲ့ ဝန်ဆောင်မှုတွေကို စ လယ် ဆုံး အကောင်းဆုံးဆောင်ရွက်ပေးနိုငဖို့ ရည်ရွယ်ပြီး vivo Showroom 3.0+ နဲ့ Service Centre ယှဉ်တွဲပါရှိတဲ့ ဆိုင်ကြီးကို မော်လမြိုင်မြို့မှာ ဖွင့်လှစ်ခဲ့ခြင်း ဖြစ်ပါတယ်” လို့ vivo Myanmar ရဲ့ CEO Mr. Nelson Ni က ပြောပါတယ်။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top