KBZPay ရဲ့ MPU Cash-In လုပ်ဆောင်ချက်နဲ့ MPU ကတ်ကိုင်ဆောင်ထားသူတွေ မိုဘိုင်းပိုက်ဆံအိတ်အတွင်းသို့ ချက်ချင်း ငွေဖြည့်သွင်းနိုင်မယ်

image1-1.jpg

အွန်လိုင်းငွေပေးချေမှု ပြုလုပ်ရမှာ အသုံးပြုရန် e-commerce မှတ်ပုံတင်ထားတဲ့ Myanmar Payment Union (MPU) ကဒ် ကိုင်ဆောင်သူအားလုံး အခုအချိန်မှာ သူတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ် အတွင်းသို့ ချက်ချင်းငွေဖြည့်သွင်းနိုင်မယ့် ငွေကြေးလုပ်ဆောင်ချက်ကို ဆောင်ရွက်နိုင်ပါပြီ။ အဲဒီ MPU Cash-In လုပ်ဆောင်ချက်ကို မကြာသေးခင်က အသစ်မိတ်ဆက်လိုက်တဲ့ အဆင့်မြှင့်တင်ထားတဲ့ KBZPay ဗားရှင်း ၃.၀ အက်ပလီကေးရှင်းမှာ အသုံးပြုနိုင်မှာဖြစ်ပြီး ကမ္ဘောဇဘဏ် ဝန်ဆောင်မှု အသုံးမပြုသူတွေမှာလည်း အခြား ပြည်တွင်းဘဏ်တွေက ထုတ်ပေးထားတဲ့ ကဒ်တွေကို အသုံးပြုကာ သူတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေသွင်းနိုင်မှာဖြစ်ပါတယ်။

MPU ဟာ ပြည်တွင်းက အသုံးပြုသူတွေအတွက် ကဒ် (၁၀) သန်းကျော် ထုတ်ပေးခဲ့ပြီးဖြစ်ကာ ကမ္ဘောဇဘဏ် အပါအဝင် ပြည်တွင်း ဦးဆောင်ဘဏ်တွေနဲ့ ပူးပေါင်းပြီး အမှတ်တံဆိပ် နှစ်ခုပါဝင်တဲ့ ဒက်ဘစ်နှင့် ခရက်ဒစ်ကဒ်တွေကို ထုတ်ပေးလျက် ရှိပါတယ်။ MPU Cash-In လုပ်ဆောင်ချက်က ၂၀၂၀ ခုနှစ်၊ သြဂုတ်လမှာ မိတ်ဆက်ခဲ့တဲ့ KBZPay ဗားရှင်း ၃.၀ အက်ပလီကေးရှင်းမှာ ပါဝင်တဲ့ လုပ်ဆောင်ချက်အသစ် တစ်ခုဖြစ်ပါတယ်။

MPU Cash-In လုပ်ဆောင်ချက် စတင်မိတ်ဆက်ခဲ့တဲ့ အချိန်မှစကာ MPU ကဒ်ကိုင်ဆောင်သူ (၇၀၀) ကျော်တွေက သူတို့ရဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်သွင်းမှု အကြိမ်အရေအတွက် (၁,၀၀၀) ကျော် လုပ်ဆောင်ခဲ့ပြီး တန်ဖိုးအားဖြင့် ငွေကျပ် (၉၆) သန်းခန့် ရှိနေပြီ ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြည်သူတွေအနေနဲ့ မိုဘိုင်းငွေကြေးလုပ်ဆောင်ချက်တွေကို ပြောင်းလဲအသုံးပြုလာတဲ့အလျောက် KBZPay ကို အသွင်သစ်၊ အသုံးပြုသူနဲ့ ကိုက်ညီမှုအရှိဆုံးပုံစံ အဆင့်မြင့် နည်းပညာလုပ်ဆောင်ချက်တွေအပြင် ငွေကြေးဆိုင်ရာ ထုတ်ကုန်နှင့် ဝန်ဆောင်မှုတွေ ထည့်သွင်းကာ မိတ်ဆက်ခဲ့ပါတယ်။

MPU ကဒ်ကိုင်ဆောင်သူတွေအနေနဲ့ KBZPay မိုဘိုင်းပိုက်ဆံအိတ်အတွင်း ငွေဖြည့်သွင်းခြင်းအတွက် တစ်ကြိမ်လျှင် ဝန်ဆောင်ခ (၂၀၀) ကျပ် ကျသင့်မှာဖြစ်ပြီး တစ်ကြိမ်လျှင် အများဆုံး ငွေကျပ် (၃၀၀,၀၀၀) အထိ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။ တစ်ရက်လျှင် ငွေကြေးလုပ်ဆောင်မှု ပမာဏ စုစုပေါင်း ငွေကျပ် (၁) သန်းအထိ ဖြည့်သွင်းနိုင်မှာဖြစ်ပါတယ်။

MPU Cash-In လုပ်ဆောင်ချက် အသုံးပြုရန်အတွက် KBZPay အသုံးပြုသူတွေအနေနဲ့ သူတို့ရဲ့ MPU ကဒ်၊ ဘဏ်နှင့် e-commerce လုပ်ဆောင်ရန် မိုဘိုင်းဖုန်းနံပါတ်တို့ကို မှတ်ပုံတင်ရန် လိုအပ်ပါတယ်။ e-commerce မှတ်ပုံတင်ရန် ဆောင်ရွက်ပုံအဆင့်ဆင့်မှာ ဘဏ်တစ်ခုနှင့်တစ်ခု ကွာခြားမှုရှိနိုင်ပါတယ်။

MPU ကဒ် အသုံးပြုပြီး KBZPay မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ ငွေဖြည့်သွင်းပုံ အဆင့်ဆင့်
၁) KBZPay မိုဘိုင်းပိုက်ဆံအိတ်ဖွင့်ပြီး ပိုက်ဆံအိတ် (Wallet) ဆိုတဲ့ နေရာရှိ “ငွေသွင်း” ကို နှိပ်ပါ။
၂) MPU ကဒ်ကို ရွေးချယ်ပါ။ ငွေသွင်းလိုသည့် ပမာဏကို ရိုက်ထည့်ပြီး “ပေးပို့မည်” ကို နှိပ်ပါ။
၃) MPU ကဒ်နံပါတ်နှင့် ကဒ်သက်တမ်း ကုန်ဆုံးမည့်ရက်ကို ထည့်သွင်းပါ။
၄) “OTP ရယူမည်” ကိုနှိပ်ပြီး SMS မှ ပေးပို့လာသည့် တစ်ခါသုံး လျှို့ဝှက်နံပါတ်ကို ရိုက်ထည့်ပါ။
၅) နောက်ဆုံးအနေဖြင့် “အတည်ပြုမည်” ကို နှိပ်ပြီးပါက လုပ်ဆောင်မှု ပြီးဆုံးပြီ ဖြစ်ပါသည်။
KBZPay အသုံးပြုသူများအနေနဲ့ သူတို့ရဲ့ မိုဘိုင်းပိုက်ဆံအိတ်ထဲသို့ MPU ကဒ် အသုံးပြုကာ ငွေဖြည့်သွင်းတဲ့ လုပ်ဆောင်ချက်အတွက် ဗီဒီယို သင်ခန်းစာတွေကို KBZPay အက်ပလီကေးရှင်းနဲ့ KBZPay ဖေ့စ်ဘုတ် စာမျက်နှာ KBZPay တို့မှာ လေ့လာနိုင်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top