အိန္ဒိယလယ်သမားရဲ့ တိုင်တန်းနစ်သင်္ဘောပုံ နေအိမ်

22.4.2023-yyl-iamge-1.jpg

ပုံမှာ မြင်ရတာကတော့ သင်္ဘောတစ်စင်း မဟုတ်ပါဘူး။ အိန္ဒိယလယ်သမားတစ်ယောက်ရဲ့ နေအိမ်ဖြစ်ပါတယ်။ ကိုးလ်ကတ္တားပြည်နယ်မှာ ကြီးပြင်းခဲ့တဲ့ မင်တူရွိုင်းဟာ ငယ်စဉ်ကတည်းက တိုင်တန်းနစ်သင်္ဘောပုံစံ နေအိမ်တစ်လုံး ဆောက်လုပ်နေထိုင်ဖို့ ဆန္ဒပြင်းပြခဲ့သူပါ။

ဒူရ်ဂါပူဇာ(Durga Puja) ဘာသာရေးပွဲတော်မှာ သင်္ဘောပုံစံ ဘုရားကျောင်းဆောင်ကို မြင်တွေ့ခဲ့တဲ့နောက် မင်တူရွိုင်းက တိုင်တန်းနစ်သင်္ဘောပုံစံ နေအိမ် ဆောက်လုပ်ဖို့ အာသီသ ပိုပြင်းပြခဲ့ပါတယ်။ သင်္ဘောပုံစံနေအိမ် ဆောက်ပေးမယ့် အင်ဂျင်နီယာကို လိုက်ရှာရာမှာ အဆင်မပြေခဲ့လို့ မင်တူရွိုင်းက သူကိုယ်တိုင် ဆောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

မင်တူရွိုင်းက နီပေါနိုင်ငံကို ၃ နှစ်ကြာ သွားရောက်ပြီး ဆောက်လုပ်ရေးပညာကို လေ့လာခဲ့ပါတယ်။ တိုင်တန်းနစ်သင်္ဘောပုံစံ နေအိမ်ကို မင်တူရွိုင်း ဆောက်နေတာ ၁၃ နှစ် ရှိပါပြီ။ သူ့မှာ ငွေကြေးမပြည့်စုံသေးလို့ နေအိမ်ကို အပြီးသတ်နိုင်ခြင်း မရှိသေးပါဘူး။ ဒါပေမဲ့ တစ်နေ့ကျရင်တော့ ဒီအိမ်မှာ သူတို့မိသားစု နေထိုင်ခွင့်ရလိမ့်မယ်လို့ မင်တူရွိုင်းက ဆိုပါတယ်။

Ref: Indian Man Builds His Own Titanic-Shaped Villa

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top