ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျရင် ဇနီးဖြစ်သူက PS5 ဝယ်ပေးမယ်ဆိုလို့ ဝိတ်ချခဲ့သူ

26-10-2022-yyl-15.jpg

Sony ရဲ့ PS5 (The Playstation 5) ဂိမ်းစက်ဟာ ၂၀၂၀ နိုဝင်ဘာမှာ ထွက်ရှိကတည်းက ကပ်ရောဂါနဲ့ တစ်ပိုင်းလျှပ်ကူးပစ္စည်းပြတ်လပ်မှုအပါအဝင်အခြေအနေအမျိုးမျိုးကြောင့် အကန့်အသတ်နဲ့ထုတ်လုပ်ခဲ့ရလို့ ဆိုင်တွေမှာ ရှာဝယ်ရခက်ခဲ့တာပါ။ ဘန်ကောက်မြို့က အမျိုးသားတစ်ယောက်ကလည်း အဲဒီစက်ရဖို့အရေး အစားအသောက်နဲ့ တစ်နေ့တာအလေ့အထတွေကို ပြောင်းလဲပြီး ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ချဖို့ လုပ်ခဲ့ရပါတယ်။ ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ချနိုင်ခဲ့မယ်ဆိုရင် PS5 ဂိမ်းစက် ဝယ်ပေးမယ်လို့ သူ့ဇနီးက သူ့ကို ကတိပေးခဲ့လို့ပါ။

ပရာဘ် လောင်ဟာရိုဂျနဖန် အမည်ရတဲ့ အဲဒီအမျိုးသားက သူ့ဇနီးဖြစ်သူရဲ့စိန်ခေါ်မှုနဲ့ပတ်သက်တဲ့ ပို့စ်ကို လူမှုကွန်ယက်ပေါ်မှာ အောက်တိုဘာ ၁၈ ရက်နေ့က မျှဝေခဲ့တာပါ။ သူက သူ့ဇနီးဖြစ်သူရဲ့စိန်ခေါ်မှုကို လက်ခံပြီး ဝိတ်ကျအောင်လုပ်ခဲ့ပါတယ်။ သူက ကိုယ်အလေးချိန် ၁၀ ကီလိုဂရမ်ကျဖို့အတွက် အချိန် ၄ လယူခဲ့ရပါတယ်။ သူ့လိုဝိတ်ချချင်တဲ့သူတွေအတွက် နည်းလမ်းတွေကိုလည်း မျှဝေပေးခဲ့ပါတယ်။

သူက Intermittent Fasting (အစားမစားဘဲ အချိန်ပိုင်းအငတ်ခံခြင်း) နည်းနဲ့ ဝိတ်ချခဲ့တာပါ။ အရင်ဆုံး တစ်နေ့ကို ၂၄ နာရီရှိတဲ့အထဲမှာ ၈ နာရီအတွင်းပဲ အစားအစာပြီး ကျန်တဲ့ ၁၆ နာရီမှာ ဘာမှမစားတဲ့ ၁၆-၈ နဲ့စပြီး တဖြည်းဖြည်းနဲ့ အစားမစားတဲ့အချိန်ကို ၁၈-၆ (၆ နာရီအတွင်း အစာစားပြီး ကျန်တဲ့ ၁၈ နာရီအတွင်း ဘာမှမစား) နဲ့ ၂၀-၄ (၄ နာရီအတွင်း အစာစားပြီး ကျန်တဲ့ ၂၀ နာရီအတွင်း ဘာမှမစား) အထိ လျှော့ချခဲ့ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းအနေနဲ့ကတော့ ပရာဘ်က Cardio လေ့ကျင့်ခန်း (အမောခံနိုင်ပြီး သက်လုံကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ၊ နှလုံးနဲ့ သွေးလည်ပတ်မှုအားကောင်းစေတဲ့ လေ့ကျင့်ခန်းတွေ) နဲ့ ကြွက်သားတောင့်တင်းစေတဲ့ လေ့ကျင့်ခန်း (၂) မျိုးကို လုပ်ဖို့ အကြံပြုထားပါတယ်။ သူက အဲ့ (၂) မျိုးကို တစ်လှည့်စီ လုပ်ခဲ့တာပါ။
ပရာဘ်ရဲ့ကြိုးစားအားထုတ်မှုအတွက် သူ့ဇနီးဖြစ်သူက PS5 ဂိမ်းစက် တကယ်ဝယ်ပေးခဲ့လားဆိုတာကို သိရဖို့ Mothership သတင်းဌာနက ပရာဘ်ကို ဆက်သွယ်မေးမြန်းအတည်ပြုလို့မရသေးဘူးလို့ သိရပါတယ်။

Ref: Mothership “Thai man loses 10kg after wife promises him a PS5 if he lost weight”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top