ရာမ၊ Star Wars ဇာတ်ကောင် တွေပါတဲ့ ဖန်စီ Face Shield တွေကို ဖန်တီးခဲ့တဲ့ ထိုင်းအမျိုးသမီး

16-6-2020-yyl-0126.jpg

ရိုးရိုးရှင်းရှင်း face shield တွေ ဝတ်ရတာမကြိုက်သူတွေအတွက် ထိုင်းနိုင်ငံက အမျိုးသမီးတစ်ဦးဟာ အသစ်အဆန်းဖြစ်အောင် ဇာတ်ကောင်ပုံတွေနဲ့ face shield တွေကို ဖန်တီးခဲ့ပါတယ်။ သူ့ရဲ့ face shield မှာပါတဲ့ ဇာတ်ကောင်တွေကတော့ Star Wars ဇာတ်ကောင်၊ ရာမယဏဇာတ်တော်ထဲက ရာမ၊ ကာတွန်းဇာတ်ကောင်၊ ဂိမ်းဇာတ်ကောင်တွေပါပဲ။ အခုလိုကပ်ရောဂါအတွင်းမှာ ကလေးတွေ ဘေးကင်းစေဖို့နဲ့ ငွေရေးကြေးရေး အဆင်ပြေစေဖို့ဆိုတဲ့ မျှော်လင့်ချက်နဲ့ ဖန်တီးခဲ့တာဖြစ်ပါတယ်။ အသက် (၃၁) နှစ်အရွယ် မေဆာ တာလာတ်က face shield ဒီဇိုင်းဆန်ဆန်လေးတွေ ဖန်တီးဖို့အတွက် စတစ်ကာမှာ နာမည်ကြီးဇာတ်ကောင်တွေကို ဒီဇိုင်းဆွဲပြီး သေချာညှပ်ထုတ်ကာ face shield ပေါ်ကပ်ထားတာဖြစ်ပါတယ်။

မေဆာက ဇာတ်ကောင်တွေပါတဲ့ face shield တွေကို သူ့ရဲ့စတူဒီယိုခန်းအသေးလေးထဲမှာ ဖန်တီးခဲ့တာပါ။ သူက အသုံးပြုသူတွေကို ဘေးကင်းစွာနဲ့ အသစ်အဆန်း face shield တွေကို ဝတ်နိုင်စေတဲ့အပြင် သူ့ရဲ့စီးပွားရေးလုပ်ငန်းအသစ်ကို အကောင်အထည်ဖော်ရာလည်း ရောက်ပါတယ်။ ရိုးရိုးရှင်းရှင်း face shield ပေါ်မှာ ဒီဇိုင်းထည့်ထားတာက လူတွေ အပြင်ထွက်တဲ့အခါ face shield ဝတ်ဖို့ တွန်းအားဖြစ်စေလိမ့်မယ်လို့ မေဆာက ယုံကြည်ထားပါတယ်။ “ပုံမှန်ဆိုရင် face shield က ဖောက်ထွင်းမြင်နေရပါတယ်။ ဒါကြောင့် လူတွေက ဝတ်ရတာ ပျင်းရိသွားနိုင်ပါတယ်။ ဒီဇာတ်ကောင်ဒီဇိုင်းတွေနဲ့ face shield တွေက သူတို့ကို ဝတ်ဆင်ဖို့အတွက် တွန်းအားပေးဖြစ်စေမှာပါ။ အနည်းဆုံးတော့ face shield တွေက ကာတွန်းဇာတ်ကောင်နဲ့ဆိုတော့ ကလေးတွေက ဝတ်ချင်ကြမှာဖြစ်ပြီး ကျောင်းမှာလည်း သူတို့ရဲ့သူငယ်ချင်းတွေကို ပြလိုက်မယ်ဆိုရင် အဲဒီကလေးတွေလည်း ဝတ်ဆင်ကြမှာဖြစ်တာကြောင့် ဘေးကင်းစေမှာပါ”လို့ မေဆာက ပြောပါတယ်။

လွန်ခဲ့တဲ့လအနည်းငယ်ကဆို မေဆာက ဝင်ငွေမရှိပါဘူး။ အခုတော့ နာမည်ကြီးဇာတ်ကောင်တွေနဲ့ face shield တွေကို တစ်ခါတည်းနဲ့ (၅၀-၁၀၀) ထိ အော်ဒါမှာယူကြတဲ့အတွက် ငွေကြေးအခြေအနေက တည်ငြိမ်သွားတော့မှာဖြစ်ပါတယ်။ မေဆာက face shield တစ်ခုကို (၆) ဒေါ်လာနဲ့ ရောင်းချပါတယ်။ “နောက်ဆိုရင် ဒါက ကျွန်မအတွက် အဓိကဝင်ငွေဖြစ်လာမယ်လို့ ကျွန်မထင်တယ်။ အရုပ်ဆိုင်တွေက လက်ကားရောင်းဖို့ ကျွန်မကို ဆက်သွယ်နေကြလို့ပါ”လို့ မေဆာက ပြောပါတယ်။

ထိုင်းနိုင်ငံက တဖြည်းဖြည်းနဲ့ စီးပွားရေးပြန်လည် လည်ပတ်ပတ်နိုင်ဖို့အတွက် စည်းမျဉ်းတချို့ကို ဖြေလျော့ပေးနေပါတယ်။ ရောဂါကူးစက်ခံရမှုကို ကာကွယ်နိုင်ဖို့အတွက် Social Distancing စီမံချက်တွေကိုတော့ ဆက်လက်ထိန်းထားတုန်းပါပဲ။ ထိုင်းနိုင်ငံမှာ ရောဂါကူးစက်ခံရသူ (၃,၁၃၅) ဦးနဲ့ သေဆုံးသူ (၅၈) ဦးရှိနေပြီး (၁၇) ရက်အတွင်းမှာ ပြည်တွင်းကူးစက်ခံရသူမရှိဘူးလို့ သိရပါတယ်။

Ref: Thai Mom Creates Fancy Face Shields Designs With Star Wars Characters And Traditional Thai Giants

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top