မိုးပျံအငှားယာဉ်ဝန်ဆောင်မှုအတွက် သြစတြေးလျနိုင်ငံက ပထမဆုံးနိုင်ငံတကာဈေးကွက်ဖြစ်ဖို့ရှိ

62484773_2427728860591353_2566537993548464128_n.jpg

သြစတြေးလျနိုင်ငံဟာ မိုးပျံအငှားယာဉ်(Uber Air) ဝန်ဆောင်မှုပေးနိုင်မယ့် ပထမဆုံးနိုင်ငံတကာဈေးကွက်ဖြစ်လာမယ်လို့ Uber ကုမ္ပဏီက ပြောပါတယ်။ Uber ကုမ္ပဏီဟာ မိုးပျံအငှားယာဉ် ဝန်ဆောင်မှုအတွက် စမ်းသပ်မှုလုပ်ဖို့ အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့နဲ့ လော့စ်အိန်ဂျလိစ်မြို့၊ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွေကို ရွေးချယ်ထားပါတယ်။ ၂၀၂၀ ပြည့်နှစ်မှာ စမ်းသပ်ပျံသန်းမှုစတင်ပြီး ၂၀၂၃ ခုနှစ်မှာ စီးပွားဖြစ်ပြေးဆွဲဖို့ ရည်ရွယ်ထားတယ်လို့ Uber ကုမ္ပဏီက ပြောပါတယ်။

မဲလ်ဘုန်းမြို့အလယ်ပိုင်း စီးပွားရေးအချက်အချာနေရာက လေဆိပ်အထိ (၁၉) ကီလိုမီတာ ကွာဝေးတဲ့ခရီးစဉ်ကို ကားနဲ့သွားရင် (၁) နာရီကြာမှာဖြစ်ပေမဲ့ မိုးပျံအငှားယာဉ်နဲ့ သွားရင်တော့ (၁၀) မိနစ်ပဲကြာမယ်လို့ ဆိုပါတယ်။ Uber ကုမ္ပဏီဟာ မိုးပျံအငှားယာဉ်ဝန်ဆောင်မှု ပေးနိုင်ဖို့ နာဆာအဖွဲ့၊ အမေရိကန်စစ်တပ်တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top