ချွေးထွက်တာက ကျန်းမာရေးအတွက် ကောင်းတယ်လို့ ဆိုနိုင်သလား

16-6-2020-yyl-019.jpg

ရန်ကုန်မှာ နေ့တိုင်းနီးပါး မိုးရွာနေကြပေမယ့် တချို့မြို့ရွာဒေသတွေမှာ အပူချိန် လွန်ကဲနေတုန်းပါပဲ။ နေအပူချိန်ပြင်းတဲ့အတွက် မိုးရွာဖို့ကို မျှော်လင့်နေကြရပါတယ်။ အပူချိန်မြင့်လာတာနဲ့ ချွေးထွက်တာက လူတိုင်းဖြစ်နေကျဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်းကို ပြင်းပြင်းထန်ထန်လုပ်တဲ့အခါမျိုးမှာတောင် ချွေးထွက်လာပါတယ်။ ချွေးက စိုစိစိုစိနဲ့ အနံ့ထွက်ပေမယ့် ချွေးထွက်တာက ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုပါပဲ။ ချွေးထွက်တာက အပူကို ခုခံတွန်းလှန်ဖို့ သင့်ခန္ဓာကိုယ်အတွက် နည်းလမ်းဖြစ်ပါတယ်။ ဘာကြောင့် အဲဒီလိုပြောရလဲဆိုတာကို ပြောပြပေးပါမယ်။

ချွေးထွက်တာက ခန္ဓာကိုယ်က သေးငယ်တဲ့အရည်တွေနဲ့အတူ ရေဓာတ်ကို ထုတ်ပစ်လိုက်တဲ့အခါမှာ သဘာဝအလျောက် ဖြစ်လာတဲ့ဖြစ်စဉ်ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့အပူချိန် မြင့်လာပြီး ချွေးဂလန်တွေ လှုပ်ရှားလာတဲ့အခါ ခန္ဓာကိုယ်ကို အေးသွားအောင်လုပ်ပေးတဲ့ နည်းလမ်းပါပဲ။ ချွေးထွက်တာက အသားရေကို အေးသွားစေပြီး သွေးလည်ပတ်မှုကောင်းအောင် ကူညီပေးနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်စဉ်အတွင်း ကြွက်သားတွေက အပူချိန်ပိုမြင့်တဲ့အတွက် ချွေး ပိုထွက်ဖို့လိုအပ်ပါတယ်။ ချွေးထွက်တာကလည်း ကိုယ်လက်လှုပ်ရှားမှု လုပ်တဲ့အခါ၊ အဖျားရှိတဲ့အခါမျိုးမှာ အဆိပ်အတောက်တွေ ဖယ်ရှာဖို့အတွက် ခန္ဓာကိုယ်ရဲ့ လုပ်ထုံးလုပ်နည်းဖြစ်ပါတယ်။

ဘာလို့ ချွေးထွက်တာ ကောင်းတာလဲ

ချွေးထွက်တာက စိတ်ကသိကအောက်နိုင်ပေမယ့် အပူချိန်ကောင်းကောင်းလည်ပတ်နိုင်ဖို့အတွက် ကျန်းမာရေးကောင်းကျိုးတွေရဖို့အတွက် ခန္ဓာကိုယ်က အသုံးပြုလိုက်တဲ့ ပုံမှန်လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု လေ့ကျင့်ခန်းလုပ်ရင်း ချွေးထွက်လာရင် နှလုံးကျန်းမာရေးကောင်းဖို့အတွက် အကောင်းဆုံး လုပ်ဆောင်နေတယ်ဆိုတာကို သင့်ခန္ဓာကိုယ်က အချက်ပြနေတာဖြစ်ပါတယ်။

ချွေးထွက်တာက အဆိပ်အတောက်တွေကို ဖယ်ရှားပေးတယ်

ချွေးထွက်တာက ခန္ဓာကိုယ်ရဲ့မကောင်းတဲ့ ဓာတုအဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ကျန်းမာရေးကောင်းအောင် ထိန်းပေးပါတယ်။ ချွေးမထွက်ဘူးဆိုရင် ချွေးထွက်အောင် သင့်ခန္ဓာကိုယ်ကို လှုပ်လှုပ်ရှားရှားနေပေးပါ။ ဒါကြောင့် လူတော်တော်များများက အဆိပ်အတောက်တွေနဲ့ စိတ်ဖိစီးမှုမရှိဖို့ ရေပူစမ်းကို သွားကြတာဖြစ်ပါတယ်။ ချွေးထွက်တာကောင်းတယ်လို့ပြောရတဲ့ နောက်ထပ်အကြောင်းအရင်း ရှိပါသေးတယ်။ ချွေးက ခန္ဓာကိုယ်ရဲ့မကောင်းတဲ့ ဘတ်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အရေပြားကူးစက်ရောဂါနဲ့ ဓာတ်မတည့်တာတွေဖြစ်ပွားမှုကနေ သဘာဝအလျောက်လျော့ချပေးပါတယ်။

ချွေးထွက်တာကို ထိန်းချုပ်လို့မရအောင်ကို ချွေး အဆက်မပြတ်ထွက်သလို ခံစားရတဲ့အချိန်တွေရှိကြမှာပါ။ ကျန်းမာရေးအခြေအနေတွေကလည်း ပုံမှန်ခန္ဓာကိုယ်အပူချိန်ထက်ပိုပြီး ချွေးအရမ်းထွက်ဖို့ဖြစ်နိုင်ပါတယ်။ သွေးအတွင်းသကြားပမာဏနည်းတာ၊ သိုင်းရွိုက်အကျိတ်ပြဿနာနဲ့ သွေးဖိအားမထိန်းနိုင်တာလို ကျန်းမာရေးပြဿနာတွေက သင့်ကို ချွေးအရမ်းထွက်စေနိုင်ပါတယ်။ ချွေးအရမ်းထွက်တာမျိုး ချွေးနည်းနည်းလေးထွက်တာလည်းဖြစ်နိုင်ပါတယ်။ သင့်ခန္ဓာကိုယ်က ရေဓာတ်၊ဆားဓာတ်တွေနည်းလာတဲ့အခါ ချွေးထွက်နည်းလာပါတယ်။ တစ်ခါတရံ အရေပြားနဲ့ပတ်သက်တဲ့ရောဂါရှိတာကလည်း ပုံမှန်ချွေးထွက်တာကို ခက်ခဲစေနိုင်ပါတယ်။

ဘယ်လိုလုပ်ရမလဲ

သင်က ချွေးအရမ်းထွက်မှာဆိုးတယ်ဆိုရင် ရေဓာတ်ပမာဏကို ထိန်းပေးပါ။ ရေများများသောက်ပြီး သကြား၊ ဆိုဒါ၊ ကဖင်းဓာတ်များတဲ့ ဖျော်ရည်တွေ သောက်တာရှောင်ပေးသင့်ပါတယ်။

Ref: Is sweating actually healthy?

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top