ထိုင်းနိုင်ငံမှာ နေထိုင်တဲ့ ဥရောပသားတစ်ဦးထံမှာ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိ

21.8.2024-yyl-6.png

ပြီးခဲ့တဲ့တစ်ပတ်က အာဖရိကနေ ပြန်ရောက်လာတဲ့ ဥရောပတိုက်သား တစ်ဦးထံမှာ မျောက်ကျောက်ရောဂါ(mpox) ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဘယ်မျိုးကွဲလဲဆိုတာကို စစ်ဆေးအဖြေရှာနေတယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးအရာရှိက ပြောပါတယ်။ အသက် ၆၆ နှစ်အရွယ်ရှိတဲ့ ဥရောပတိုက်သားဟာ ထိုင်းနိုင်ငံမှာ နေထိုင်သူဖြစ်ပြီး မျောက်ကျောက်ရောဂါ ကူးစက်ပြန့်ပွားနေတဲ့ အာဖရိကနိုင်ငံကနေ သြဂုတ်လ ၁၄ ရက်မှာ ပြန်ရောက်လာခဲ့တာပါ။

ထိုင်းအာဏာပိုင်တွေက ကူးစက်ရန် ပိုလွယ်ကူတဲ့ Clade 1 အမျိုးအစားအဖြစ် ယူဆပြီး ဆောင်ရွက်လျက်ရှိတယ်လို့ ထိုင်းနိုင်ငံ ရောဂါထိန်းချုပ်ရေးဌာန အထွေထွေညွှန်ကြားရေးမှူး သွန်ချိုင်းက ပြောပါတယ်။ ” လေယာဉ်ပေါ်က ဆင်းပြီး သိပ်မကြာခင်ပဲ စစ်ဆေးတွေ့ရှိတာဖြစ်လို့ အခြားသူတွေနဲ့ထိတွေ့နိုင်ခြေရှိချိန် အလွန်နည်းပါတယ်” လို့ သွန်ချိုင်းက ဆိုပါတယ်။

ဆေးစစ်ချက်အဖြေကတော့ လာမယ့်သောကြာနေ့မှာ သိရဖွယ်ရှိပြီး သူနဲ့ထိတွေ့နိုင်ခြေရှိသူ ၄၃ ယောက်ကိုလည်း စောင့်ကြည့်လျက်ရှိပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသား သွားရောက်ခဲ့တဲ့ အာဖရိကနိုင်ငံရဲ့အမည်ကိုတော့ သွန်ချိုင်းက ထုတ်ပြောခဲ့ခြင်းမရှိပါဘူး။ သူဟာ အရှေ့အလယ်ပိုင်းနိုင်ငံတစ်နိုင်ငံမှာ လေယာဉ်ပြောင်းစီးပြီး ထိုင်းနိုင်ငံကို ပြန်လာခဲ့တာပါ။ လေယာဉ်ပြောင်းစီးခဲ့တဲ့ အရှေ့အလယ်ပိုင်းနိုင်ငံရဲ့ အမည်ကိုလည်း သွန်ချိုင်းက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။

၂၀၂၂ ခုနှစ်နောက်ပိုင်း ထိုင်းနိုင်ငံမှာ ရောဂါရှိသူနဲ့ထိတွေ့မှုကြောင့် ဖြစ်ပွားတဲ့ Clade 2 အဆင့် မျောက်ကျောက်ရောဂါကူးစက်မှု ၈၀၀ တွေ့ရှိခဲ့ပေမဲ့ Clade 1 နဲ့ Clade 1b တော့ တွေ့ရှိခဲ့ခြင်း မရှိဖူးပါဘူး။

Ref: Thailand says mpox case recorded in traveller from Africa
NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top