ကိုဗစ်-၁၉ လူနာသစ်တွေ မြင့်တက်လာလို့ လန်ဒန်နဲ့ ပဲရစ်မြို့တွေမှာ တင်းကျပ်တဲ့စည်းမျဉ်းတွေ ချမှတ်

16-10-2020-yyl-015.jpg

ကိုဗစ်-၁၉ ဒုတိယလှိုင်းမှာ လူနာသစ်တွေ မြင့်တက်လာတဲ့အတွက် ဥရောပရဲ့ စီးပွားရေးမြို့တော်ကြီးတွေဖြစ်တဲ့ ပြင်သစ်နိုင်ငံ ပဲရစ်မြို့နဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တွေမှာ တင်းကျပ်တဲ့ စည်းမျဉ်းသစ်တွေ ထုတ်ပြန်ထားပါတယ်။ ပြင်သစ်နိုင်ငံမြို့တော် ပဲရစ်မြို့နဲ့ တခြားမြို့ ၈ မြို့မှာ လာမယ့်စနေနေ့ကစပြီး ညမထွက်အမိန့် စတင်အကျုံးဝင်မှာဖြစ်ပြီး လန်ဒန်မြို့မှာလည်း အဆောက်အအုံအတွင်း လူမှုဆက်ဆံရေး အခမ်းအနားကျင်းပခွင့် ပိတ်ပင်မှုဟာ လာမယ့်စနေနေ့ကနေ စတင်အကျုံးဝင်မှာပါ။

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပြင်သစ်နိုင်ငံမှာ ကိုဗစ်-၁၉ လူနာသစ် ၃၀၆၂၁ ယောက် အထိ တွေ့ရှိခဲ့သလို အီတလီ၊ ပိုလန်နဲ့ ဂျာမနီနိုင်ငံတွေမှာလည်း တစ်ရက်အတွင်း စံချိန်တင် လူနာသစ် တွေ့ရှိခဲ့ပါတယ်။ ရုရှားနိုင်ငံမှာလည်း ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှု စတင်ခဲ့ပြီးနောက်ပိုင်း တစ်ရက်အတွင်း စံချိန်တင် လူသေဆုံးမှုအဖြစ် ပြီးခဲ့တဲ့ကြာသပတေးနေ့က ကိုဗစ်-၁၉ လူနာ ၂၈၆ ယောက် သေဆုံးခဲ့ပါတယ်။ လူ့အသက်တွေကို ကယ်တင်နိုင်ဖို့ တင်းကျပ်တဲ့ ကန့်သတ်မှုစည်းမျဉ်းတွေ ချမှတ်ဖို့ လိုအပ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က သတိပေးထားပါတယ်။

Ref: Reuters & BBC

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top