ခင်ပွန်းကို ခွေးတစ်ကောင်လို ကြိုးနဲ့ဆွဲပြီး ကိုဗစ်ကာလဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားခဲ့သူ

14-1-2021-yyl21.jpg

ကနေဒါနိုင်ငံက လင်မယားနှစ်ယောက်က ကိုဗစ်ကာလ ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး ဥပဒေကို လက်တစ်လုံးခြားလုပ်ဖို့ ကြိုးစားခဲ့တယ်။ သူတို့ရဲ့လုပ်ကွက်က အဆန်း။ ကနေဒါနိုင်ငံ ကူဘတ်ပြည်နယ်မှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုတွေကို တားဆီးဖို့ ည ၈ နာရီကနေ နံနက် ၅ နာရီကြား အိမ်ပြင်မထွက်ရအမိန့်ထုတ်ထားတယ်။ ဒါပေမဲ့ ခြွင်းချက်တစ်ခုတော့ ရှိတယ်။ အဲဒီအချိန်အပိုင်းအခြားအတွင်း ကိုယ့်ရဲ့ခွေးနဲ့အတူ အိမ်အနီးနားတစ်ဝိုက် အညောင်းညာပြေ လမ်းလျှောက်ထွက်တာမျိုးတော့ ခွင့်ပြုပေးတယ်။ အဲဒီဥပဒေက ပြီးခဲ့တဲ့စနေနေ့ည ၈ နာရီမှာ စတင်အကျုံးဝင်ခဲ့တယ်။

ည ၉ နာရီဝန်းကျင်လောက်ကျတော့ ရွားဘရွတ်မြို့ ရဲတပ်ဖွဲ့က အပြင်ထွက်ပြီး လမ်းလျှောက်နေတဲ့ လင်မယားနှစ်ယောက်ကို တွေ့တယ်။ မိန်းမဖြစ်သူက ယောကျ်ားကို အိမ်မွေးခွေးလို ကြိုးနဲ့ဆွဲပြီး လမ်းလျှောက်နေတာပါ။ ရဲတပ်ဖွဲ့က သူတို့ကို မေးမြန်းစုံစမ်းချိန်မှာ မိန်းမဖြစ်သူက ခပ်တည်တည်ပဲ ပြန်ပြောတယ်။ ” ကျွန်မခွေးနဲ့ လမ်းလျှောက်ထွက်နေတာတဲ့”။ ” ကိုယ့်အိမ်နားမှာ အိမ်မွေးတိရစ္ဆာန်တွေနဲ့ လမ်းလျှောက်ထွက်ခွင့်ရှိတယ်ဆိုတဲ့ စည်းမျဉ်းအတိုင်း ကျင့်သုံးနေတဲ့”။
ဒါပေမဲ့ ရဲတပ်ဖွဲ့က သူတို့လင်မယားကို စည်းမျဉ်းချိုးဖောက်မှုအတွက် ကနေဒါဒေါ်လာ ၁၅၄၆ ( အမေရိကန်ဒေါ်လာ ၁၂၁၂ )စီ ဒဏ်ရိုက်ခဲ့တယ်။ ကူဘတ်ပြည်နယ်မှာ ညမထွက်ရအမိန့် စတင်အကျုံးဝင်တဲ့ ပထမတစ်ပတ်ထဲမှာပဲ စည်းမျဉ်းချိုးဖောက်သူ ၇၅၀ ရှိပြီး သူတို့အားလုံးကို ရဲတပ်ဖွဲ့က ဒဏ်ရိုက်ခဲ့ပါတယ်။

Ref: BBC ” Husband on leash breached Quebec’s Covid curfew”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top