မိုးရွာသွန်းစေတဲ့စက်ကို စတင်တီထွင်ခဲ့တဲ့ အာဂျင်တီးနားအင်ဂျင်နီယာ

17.2.2023-image-3.jpg

အာဂျင်တီးနား အင်ဂျင်နီယာ ဘိုင်ဂိုရီဟာ မိုးရွာသွန်းစေနိုင်တဲ့စက်ကို စတင်တီထွင်နိုင်သူအဖြစ် သတ်မှတ်ထားကြပါတယ်။ သတ္တုတွင်း အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ဘိုင်ဂိုရီဟာ ၁၉၂၆ ခုနှစ်က ဘိုလစ်ဗီးယားနိုင်ငံမှာ အလုပ်လုပ်နေရင်း မိုးရွာစေတဲ့စက်ကို ဖန်တီးမိခဲ့တာပါ။ ဒါပေမဲ့ အစပိုင်းမှာ သူ့စက်ကြောင့် မိုးရွာတယ်ဆိုတာကို သတိမထားမိခဲ့ပါဘူး။

၁၉၃၈ ခုနှစ်မှာတော့ သူ့စက်က မိုးရွာအောင် လုပ်နိုင်ပြီဆိုတာကို ဘိုင်ဂိုရီက သတင်းစာကနေ တရားဝင်ကြေညာခဲ့ပြီး မိုးခေါင်ရေရှားတဲ့ဒေသတွေမှာ မိုးရွာအောင် လုပ်ပေးခဲ့ပါတယ်။ သူ့စက်ကို ဘယ်လို ထိန်းချုပ်ကိုင်တွယ်ရလဲဆိုတာ အစိုးရအာဏာပိုင်တွေက မေးမြန်းခဲ့ပေမဲ့ ဘိုင်ဂိုရီက မဖြေခဲ့ပါဘူး။

အဲဒီနောက်မှာတော့ ဘိုင်ဂိုရီဟာ လူမြင်ကွင်းကနေ ပျောက်သွားခဲ့ပြီး သူ့အကြောင်းရော၊ သူ့ရဲ့ မိုးရွာစေတဲ့စက်အကြောင်းရော မကြားရတော့ပါဘူး။ ၁၉၇၂ ခုနှစ်မှာ ဘိုင်ဂိုရီ သေဆုံးခဲ့ပြီး သူ့စက်ကလည်း ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့တာ ဒီနေ့အထိပါပဲ။

Ref: The Argentinian who invented the rain-making machine

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top