အတ္တလန္တိတ်သမုဒ္ဒရာကို အချိန်အတိုဆုံး တစ်ကိုယ်တော်လှော်ခတ် ကျော်ဖြတ်ပြီး စံချိန်တင်ခဲ့တဲ့ ၂၃ နှစ်အရွယ် အမျိုးသမီး

17.2.2023-image-4.jpg

အသက် ၂၃ နှစ်အရွယ် ဗြိတိန်နိုင်ငံသူ မာရီယမ်ပိန်းဟာ အတ္တလန္တိတ်သမုဒ္ဒရာကို အချိန်အမြန်ဆုံး တစ်ကိုယ်တော်လှော်ခတ်ဖြတ်သန်းပြီး Talisker Challenge မှာ စံချိန်တင်နိုင်ခဲ့ပါတယ်။ သူဟာ ဒီဇင်ဘာလ ၁၀ ရက်မှာ ကိန္နရီကျွန်းကနေ စတင်ထွက်ခွာခဲ့ပြီး ၅၉ ရက်၊ ၁၆ နာရီ၊ ၃၆ မိနစ်အကြာမှာ အတ္တလန္တိတ်သမုဒ္ဒရာတစ်ဖက်ကမ်းမှာရှိတဲ့ အန်တီဂွာကျွန်းနိုင်ငံကို ရောက်ရှိခဲ့တာပါ။

Talisker Whiskey Atlantic Challenge ဟာ ကမ္ဘာပေါ်မှာ အကြမ်းတမ်းဆုံး စိန်ခေါ်မှုတစ်ရပ်ဖြစ်ပြီး လိုက်လံအကူအညီပေးခွင့်မပြုတာကြောင့် အစားအစာ၊ ရေနဲ့ တခြားလိုအပ်တဲ့ အသုံးအဆောင်ပစ္စည်းအားလုံးကို ကိုယ်တိုင်ကိုယ်ကျ ယူဆောင်သွားရပါတယ်။ မာရီယမ်ပိန်းက မိုင် ၃၀၀၀ ကျော် အကွာအဝေးကို တစ်ကိုယ်တော် လှော်ခတ်ဖြတ်သန်းခဲ့တာဖြစ်ပြီး ပန်းတိုင်ကိုရောက်ဖို့ ၁၀ မိုင်(သို့) ၈ မိုင်ခရီးဟာ အခက်ခဲဆုံး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

သူ့ရဲ့အံ့မခန်းစွမ်းဆောင်မှုကြောင့် အမျိုးသမီးတွေအကျိုး ရှေးရှုဆောင်ရွက်နေတဲ့ ယော့ခ်ရှိုင်းယားအရှေ့ပိုင်း ပရဟိတအဖွဲ့အတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄၂၀၀ ကျော် တိုးမြှင့်ရရှိခဲ့ပါတယ်။

Ref:23-Year-Old Rows Solo 3,000 Miles Across Atlantic Setting Race Record for Female

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top