အပြာရောင်ဝေလငါးရဲ့ နှလုံးက ကမ္ဘာပေါ်မှာ အကြီးမားဆုံးပါပဲ။ ဘယ်လောက်ကြီးမားသလဲဆိုရင် နှလုံးသွေးကြောတွေထဲမှာ လူတစ်ယောက် တွားသွားနိုင်တဲ့အထိပါပဲ။ အပြာရောင်ဝေလငါးရဲ့နှလုံးဟာ နို့စားနွားမတစ်ကောင် (သို့) မီနီကားတစ်စီးရဲ့အလေးချိန်လောက်ရှိပြီး ပေါင် ၁၀၀၀ ကျော် လေးလံပါတယ်။
အခန်း ၄ ခန်းပါတဲ့ ဧရာမနှလုံးကနေ အောက်ဆီဂျင်တွေကို ခန္ဓာကိုယ်တစ်ခုလုံးဆီ ပို့လွှတ်ပေးပြီး ၁၀ စက္ကန့် ၁ ကြိမ် နှလုံးခုန်ပါတယ်။ နှလုံးတစ်ချက်ခုန်ရင် သွေးဂါလံ ၆၀ ပို့လွှတ်ပေးပြီး အဲဒီပမာဏဟာ လူသားတွေနဲ့ နှိုင်းယှဉ်ရင် (နှလုံးတစ်ချက်ခုန်ရင် သွေး ၂.၄ အောင်စ ပို့လွှတ်) အဆပေါင်းများစွာ ကွာခြားပါတယ်။
အပြာရောင်ဝေလငါးတွေရဲ့ နှလုံးခုန်သံက ကျယ်လောင်လွန်းတဲ့အတွက် ရေအောက်အသံဖမ်းကိရိယာနဲ့ နားထောင်ရင် အပြာရောင်ဝေလငါးရဲ့ နှလုံးခုန်သံကို ၃ ကီလိုမီတာ အကွာအဝေးကနေတောင် ကြားရပါတယ်။
Ref: The biggest hearts on the planet.
NZ ( ရိုးရာလေး)