သမုဒ္ဒရာထဲမှာ ပလတ်စတစ်အမှိုက် ကင်းစင်ရေး ရည်ရွယ်လုပ်ဆောင်နေတဲ့ 4ocean ကုမ္ပဏီဟာ ၆ နှစ်တာကာလအတွင်း ပလတ်စတစ်အမှိုက် အလေးချိန် ပေါင် သန်း ၃၀ အထိ ဆယ်ယူပေးနိုင်ခဲ့ပါတယ်။ ကမ္ဘာ့တိုက်ကြီး ၂ တိုက်မှာရှိတဲ့ တည်နေရာ ၁၂ ခုမှာ ပလတ်စတစ်အမှိုက်တွေ ဆယ်ယူပေးနေတာပါ။

အမေရိကန်၊ အင်ဒိုနီးရှားနဲ့ ဂွာတီမာလာနိုင်ငံတွေမှာ ဒေသခံဝန်ထမ်း ၁၈၅ ယောက်အထိ ခန့်အပ်ထားပြီး စွန့်ပစ်ပလတ်စတစ်တွေကို ပြန်လည်အသုံးပြုကာ လက်ပတ်တွေ ထုတ်လုပ်ရောင်းချလျက်ရှိပါတယ်။

4ocean ကုမ္ပဏီဟာ ယခုနောက်ဆုံးစီမံကိန်းတစ်ရပ်အဖြစ် Corona ဘီယာကုမ္ပဏီနဲ့ ပူးပေါင်းပြီး ဂွာတီမာလာနိုင်ငံက ရီယိုမိုတာဂွာမြစ်မှာ ပလတ်စတစ်အမှိုက် ရှင်းလင်းရေးဆောင်ရွက်သွားမှာပါ။ ရီယိုမိုတာဂွာမြစ်ဟာ ဗဟိုအမေရိကတိုက်ရဲ့ ပလတ်စတစ်ညစ်ညမ်းမှု အဆိုးရွားဆုံး မြစ်တစ်စင်းဖြစ်ပြီး နှစ်စဉ်နှစ်တိုင်း သမုဒ္ဒရာထဲကို စီးဝင်နေတဲ့ ပလတ်စတစ်အမှိုက် ၂ ရာခိုင်နှုန်းနီးပါးဟာ ရီယိုမိုတာဂွာမြစ်ထဲကနေ စီးဝင်တာ ဖြစ်ပါတယ်။
Ref: The Guys Who Sell Ocean Plastic Bracelets Just Reached 30 Million Pounds of Waste Pulled From Seas
NZ ( ရိုးရာလေး)