သူရဲကောင်းတွေ ကိုယ်ခံအားကောင်းမွန်စွာအကောင်းဆုံး ခုခံကာကွယ်ပေးနိုင်ဖို့ ကျွန်တော်တို့ Clean Yangon မှ စေတနာ့ဝန်ထမ်းအစုအဖွဲ့တွေနဲ့ (၇) ရက်သားသမီးစေတနာရှင်တွေစုပေါင်းပြီး Enervon-C အားဆေးတွေကို မျှဝေပေးလျက်ရှိပါတယ်။
ဒီနေ့မှာတော့ ဝေဘာဂီဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအတွက် Enervon-C အလုံးရေ (၅၀၀၀) နဲ့ လက်သန့်ဆေးရည်ဗူး (၅၀) တို့အား ကနဦးမျှဝေပေးခဲ့ပါတယ်။ လိုအပ်နေတဲ့ နေရာရာတွေကို ထပ်မံမျှဝေလှူဒါန်းပေးသွားမှာမို့ ကျွန်တော်တို့နှင့်အတူတူ ပူးပေါင်းပါဝင်လိုသူ စေတနာရှင်များအား ဖိတ်ခေါ်ပါရစေ။
Team (ရိုးရာလေး)