ကမ္ဘာကျော် အိုင်ဘီဇာကျွန်းမှာ အခမဲ့ညအိပ်တည်းခိုခွင့်ရမယ့် ဟိုတယ်ခန်း

2-1-2023-yyl-23.jpg

မြေထဲပင်လယ်ထဲက အိုင်ဘီဇာကျွန်းဆိုတာ အပန်းဖြေခရီး လာရောက်သူတွေနဲ့ အလွန်စည်ကားတဲ့ နေရာတစ်ခုပါ။ အိုင်ဘီဇာကျွန်းပေါ်က Paradiso Art ဟိုတယ်မှာ အခမဲ့ ညအိပ်တည်းခိုနိုင်တဲ့ အခန်းတစ်ခန်း ရှိပါတယ်။ အိုင်ဘီဇာကျွန်းပေါ်က ဈေးအသက်သာဆုံး ဟိုတယ်မှာ တစ်ညတည်းရင်တောင် မြန်မာငွေ သိန်းချီ ကုန်ကျတာဖြစ်လို့ အခမဲ့ တည်းခိုခွင့်ရမယ်ဆိုတာ စိတ်ဝင်စားစရာပါ။

ဒါပေမဲ့ အခမဲ့ ညအိပ်တည်းခိုခွင့်ရမယ့် အခန်းက ဟိုတယ်ခန်းမဆောင်မှာရှိပြီး မှန်နံရံတွေ တပ်ဆင်ထားလို့ အခန်းတွင်းကို အတိုင်းသား မြင်နေရမှာပါ။ ရေချိုးခန်း၊ အိမ်သာခန်းကိုတော့ အလုံကာပေးထားပါတယ်။

မကြာသေးခင်ကတော့ Tik Toker အိုလံပီယာအန်းလေက ဒီအခန်းမှာ လာတည်းခဲ့ပြီး သူ့အတွေ့အကြုံတွေကို ဝေမျှပေးခဲ့ပါတယ်။ သူ တည်းခိုတဲ့အချိန်မှာ မှန်နံရံကို လာဖိကြည့်နေသူတွေ ရှိတယ်လို့လည်း ဆိုပါတယ်။ တချို့ကတော့ အခမဲ့ နေခွင့်ရမယ်ဆိုရင်တောင် ဒီလိုမျိုးအခန်းတော့ မနေချင်ဘူးလို့ မှတ်ချက်ပေးကြပါတယ်။

Ref: The Hotel Room In Ibiza Which You Can Stay In For Free But Everyone Can See You

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top