သီရိလင်္ကာဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

9-5-2022-yyl30.jpg

အစိုးရရဲ့ စီးပွားရေးအကျပ်အတည်း ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီးနောက်မှာ သီရီလင်္ကာဝန်ကြီးချုပ် မာဟင်ဒါရာဂျာပါဆာဟာ ရာထူးကနေ နုတ်ထွက်လိုက်ပြီလို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။ ကိုလံဘိုမြို့မှာ ရာဂျာပါဆာကို ထောက်ခံသူတွေနဲ့ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီးနောက် ညမထွက်ရအမိန့် ထုတ်ပြန်ထားချိန်မှာ ရာဂျာပါဆာ ရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။

ကိုလံဘိုမြို့က အဓိကရုဏ်းမှာ အနည်းဆုံး လူ ၇၈ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဆေးရုံသတင်းရင်းမြစ်တွေက ပြောပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ပြီးခဲ့တဲ့လကတည်းက ကုန်ဈေးနှုန်းမြင့်တက်မှု၊ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုတွေကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါတယ်။ ရာဂျာပါဆာဟာ သူ့ရဲ့ညီဖြစ်သူ သမ္မတ ဂိုတာဘာယာရာဂျာပါဆာထံ နုတ်ထွက်စာ တင်ခဲ့တာလို့ ပြောရေးဆိုခွင့်ရှိသူက ဆိုပါတယ်။

သီရိလင်္ကာနိုင်ငံဟာ ၁၉၄၈ ခုနှစ်မှာ ဗြိတိန်နိုင်ငံထံကနေ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ရင်ဆိုင်နေရပြီး ဘဏ္ဍာရေးဆိုင်ရာ အရေးပေါ်အကူအညီပေးဖို့ သီရိလင်္ကာအစိုးရက မေတ္တာရပ်ခံထားပါတယ်။သီရိလင်္ကာနိုင်ငံသား အများအပြားကတော့ ဝန်ကြီးချုပ် ဂိုဘင်ဒါရာဂျာပါဆာတင်မကဘဲ သမ္မတ ဂိုတာဘာယာရာဂျာပါဆာကိုပါ ရာထူးကနေ နုတ်ထွက်စေချင်နေကြပါတယ်။

Ref: BBC “Mahinda Rajapaksa: Sri Lankan PM resigns amid economic crisis”

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top