ကိုဗစ်ကာလမှာ ကလေးတွေ စာဖတ်နိုင်စေဖို့ ဒရုန်းပို့ဆောင်ရေး စနစ်သုံးပြီး စာကြည့်တိုက်က စာအုပ်ငှားပေး

19-6-2020-yyl-036.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် စာကြည့်တိုက်တွေ ပိတ်ထားတဲ့ကာလမှာ ကလေးငယ်တွေ စာအုပ်ငှားရမ်းဖတ်ရှုနိုင်စေဖို့အတွက် အလယ်တန်းကျောင်း စာကြည့်တိုက်မှူးက နည်းလမ်းသစ်တစ်ရပ် ကြံဆတီထွင်ခဲ့ပါတယ်။ ဗာဂျီးနီးယားပြည်နယ်ရဲ့ အလယ်တန်းကျောင်း စာကြည့်တိုက်မှူး ကယ်လီပက်ဆက်က စာအုပ်ငှားဖတ်ချင်တဲ့ ကလေးငယ်တွေကို ဒရုန်းအသုံးပြုပြီး စာအုပ်တွေ ပို့ဆောင်ပေးတာပါ။ ပြီးခဲ့တဲ့နှစ်မှာ Wing ကုမ္ပဏီက အိမ်သုံးပစ္စည်းတွေကို ဒရုန်းနဲ့ လိုက်လံပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုစတင်ချိန်မှာ ကယ်လီပက်ဆက်က ပထမဆုံးဖောက်သည်တစ်ယောက် ဖြစ်ပါတယ်။

ဒရုန်းအသုံးပြုပြီး အိမ်သုံးပစ္စည်းတွေ မြန်မြန်ဆန်ဆန် ပို့ဆောင်နိုင်ခဲ့တာ မြင်တွေ့ခဲ့ရတဲ့ ကယ်လီပက်ဆက်က စာကြည့်တိုက်ရဲ့ စာအုပ်တွေကိုလည်း ဒရုန်းနဲ့ ပို့ဆောင်ပေးဖို့ Wing ကုမ္ပဏီကို မေတ္တာရပ်ခံခဲ့ပါတယ်။ စာအုပ်ငှားဖတ်ချင်တဲ့ ကျောင်းသား၊ ကျောင်းသူတွေက အွန်လိုင်းကနေ ဖောင်ဖြည့်ပြီး စာကြည့်တိုက်ကနေ စာအုပ်တွေ ငှားယူနိုင်ပါတယ်။ ကျောင်းသားတွေ ငှားယူတဲ့ စာအုပ်တွေကို ကယ်လီပက်ဆက်က အထူးဖန်တီးထားတဲ့ ပုံးတွေထဲထည့်ပြီး Wing ကုမ္ပဏီထံ ပို့ပါတယ်။ ပြီးတော့မှ Wing ကုမ္ပဏီက ကျောင်းသား၊ ကျောင်းသူတွေဆီ ဒရုန်းတွေနဲ့ ပို့ဆောင်ပေးတာပါ။ မောင့်ဂိုမာရီကောင်တီကျောင်းဟာ Wing ကုမ္ပဏီရဲ့ ဒရုန်းပို့ဆောင်ရေးစနစ် အသုံးပြုပြီး စာအုပ်ငှားပေးတဲ့ ပထမဆုံး စာသင်ကျောင်းဖြစ်ပါတယ်။ မောင့်ဂိုမာရီကောင်တီကျောင်းရဲ့ စာကြည့်တိုက်မှာ စာအုပ် ၁၅၀၀၀၀၀ ကျော် ရှိပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top