အန္တာတိကတိုက်မှာတွေ့ခဲ့တဲ့ ကမ္ဘာ့ဒုတိယအကြီးဆုံးဥကြီးက ပင်လယ်ဖွတ်ကြီးရဲ့ ဥဖြစ်ဖွယ်ရှိ

19-6-2020-yyl-035.jpg

လွန်ခဲ့တဲ့ ဆယ်စုနှစ်လောက်တုန်းက အန္တာတိကတိုက်မှာ တွေ့ရှိခဲ့တဲ့ ဘောလုံးအရွယ်အစား ဥကြီးဟာ နှစ်ပေါင်း ၆၈ သန်းဝန်းကျင်က ကမ္ဘာပေါ်မှာ ကျက်စားခဲ့တဲ့ ပင်လယ်ဖွတ်ကြီးရဲ့ဥ ဖြစ်နိုင်တယ်လို့ အမေရိကန် သိပ္ပံပညာရှင်တွေက ပြောပါတယ်။ လေလျော့နေတဲ့ ဘောလုံးပုံစံ ကျောက်ဖြစ်ရုပ်ကြွင်းက ဘာလဲဆိုတာကို ခွဲခြားဖို့ သုတေသီတွေက နှစ်ပေါင်းများစွာ အချိန်ယူခဲ့ရပါတယ်။ အဲဒီကျောက်ဖြစ်ရုပ်ကြွင်းကို အခြေခံပြီး The Thing လို့ သိပ္ပံစိတ်ကူးယဉ်ဇာတ်ကားတောင် ရိုက်ကူးခဲ့ပါသေးတယ်။

အလျား ၁၁ လက်မ၊ အနံ ၇ လက်မရှိတဲ့ ကျောက်ဖြစ်ရုပ်ကြွင်းကို ၂၀၁၁ ခုနှစ်မှာ ချီလီနိုင်ငံရဲ့ သုတေသီတွေက တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့ ၂၀၁၈ ခုနှစ်ကျမှ အော်စတင်မြို့ တက္ကဆက်တက္ကသိုလ်ရဲ့ သိပ္ပံပညာရှင်တစ်ယောက်က ပိန်ရှုံ့နေတဲ့ ဥတစ်လုံးဖြစ်မယ်လို့ သတ်မှတ်နိုင်ခဲ့တာပါ။ ဒီဥဟာ ကမ္ဘာပေါ်က တွားသွားသတ္တဝါတွေရဲ့ဥတွေထဲမှာ အကြီးဆုံးဥဖြစ်မယ်လို့ ယုံကြည်ထားကြပါတယ်။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top