တပ်တော်အနေနဲ့ ရွေးကောက်ပွဲဖြစ်စဉ်အပေါ် ပြန်လည်စိစစ်သုံးသပ်မယ်

1-12-2020-yyl-006.jpg

ရန်ကုန်၊ ဒီဇင်ဘာ (၁)

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲဖြစ်စဉ်များနဲ့ပတ်သက်ပြီး ဥပဒေနဲ့အညီ နည်းလမ်းတကျ ဖြစ်ထွန်းခဲ့ခြင်းရှိ၊ မရှိကို တပ်မတော် တပ်ရင်း/တပ်ဖွဲ့များ၊ တပ်မတော်သားများနဲ့ ၎င်းတို့ရဲ့ အိမ်ထောင်စုဝင်များ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ် (၂၁၈) မြို့နယ်မှ ရွေးကောက်ပွဲဖြစ်စဉ်များအပေါ်မူတည်ကာ ပြန်လည်စိစစ်သုံးသပ်သွားမှာဖြစ်တယ်လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲအတစ်ခုအဖြစ် သံသယ ကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးအတွက် ရည်ရွယ်ကာ ဆောင်ရွက်ခြင်းဖြစ်တဲ့အတွက် ရွေးကောက်ပွဲဖြစ်စဉ်များကို စိစစ်ရာမှာ လိုအပ်တဲ့ စာရွက်စာတမ်းတွေကို ဥပဒေနဲ့အညီ ကူးယူခွင့်ပေးရေး ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်မှ လိုအပ်သလို ညွှန်ကြားပေးနိုင်ရန် မေတ္တာရပ်ခံအပ်တယ်လို့ နိုဝင်ဘာ (၃၀) ရက်နေ့ မှာ ထုတ်ပြန်ကြေညာချက်အရ သိရပါတယ်။

ဒါ့ပြင်စိစစ်သုံးသပ်တွေ့ရှိချက်များအရ လိုအပ်ပါက သက်ဆိုင်ရာမဲဆန္ဒနယ်မှ မဲဆန္ဒရှင်များက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ ရွေးကောက်ပွဲကန့်ကွက်လွှာများ တင်သွင်းသွားမှာဖြစ်တယ်လို့ ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာ (၈) ရက် နေ့မှာ ကျင်းပပြီးစီးခဲ့တဲ့ အထွေထွေရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲဆိုင်ရာ အငြင်းပွားမှုများ နိုင်ငံတစ်ဝန်းမှာ ဖြစ်ပွားခဲ့ကြောင်းကို ကြားသိရတဲ့အတွက် တပ်မတော်အနေနဲ့ တပ်မတော်တပ်ရင်း/ တပ်ဖွဲ့များမှ တပ်မတော်သားများနဲ့ ၎င်းတို့ရဲ့ အိမ်ထောင်စုများ ဆန္ဒမဲပေးခဲ့တဲ့ မြို့နယ်များကို စိစစ်ဆောင်ရွက်ရတဲ့ ရည်ရွယ်ချက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲအဖြစ် အများပြည်သူသံသယကင်းရှင်းစွာ အသိအမှတ်ပြုနိုင်ရေးအတွက်ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

Photos- တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top