နည်းပညာနဲ့ ငွေကြေးကို ရာသက်ပန်စွန့်လွှတ် နေထိုင်သူ

9.10.23-yyl-3.jpg

မက်ခ်ဘိုလီကို ငွေမသုံးတဲ့လူသားလို့ လူသိများပါတယ်။ သူဟာ ၂၀၀၈ ခုနှစ်ကတည်းက ငွေကြေးအသုံးပြုခြင်းကို စွန့်လွှတ်ပြီး ငွေမသုံးဘဲ ရှင်သန်နေထိုင်လာခဲ့တာပါ။ မက်ခ်ဘိုလီက စီးပွားရေးဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူဖြစ်ပြီး ဗြိတိန်နိုင်ငံ ဘရစ္စတိုးမြို့က အော်ဂဲနစ်ကုမ္ပဏီမှာ အလုပ်လုပ်သူပါ။ ဝင်ငွေလည်း ကောင်းပါတယ်။

တညမှာတော့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောရင်း လူ့ဘဝထဲက ပြဿနာတွေအကြောင်း ဆွေးနွေးတဲ့အခါ ငွေကြေးက ပြဿနာအားလုံးရဲ့ ဇစ်မြစ်ဖြစ်နေတာကို သူ သတိထားမိသွားခဲ့ပါတယ်။ အဲဒီအချိန်ကစပြီး သူက ငွေကြေးကို စွန့်လွှတ်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့ တန်ဖိုးကြီး လှေအိမ်ကို ရောင်းပစ်ခဲ့ပြီး အခြားသူတွေ စွန့်ပစ်တော့မယ့် ကားအိမ်မှာ နေထိုင်ခဲ့တာပါ။

” အစောပိုင်းလတွေက အဆင်မပြေဘူး။ နည်းလမ်းရှာရတာပေါ့။ အလုပ်ပြောင်းတာ၊ အိမ်ပြောင်းတာဆိုရင်တောင် အခက်အခဲ ကြုံသေးတာပဲလေ။ ဘဝမှာ အရာအားလုံးကို နေ့ချင်းညချင်း ပြောင်းလဲပစ်လိုက်တော့ ဘယ်လောက်ခက်ခဲမလဲ တွေးကြည့်ပေါ့။ ဒါပေမဲ့ နည်းနည်းကြာတော့ နေသားကျလာတယ်”လို့ မက်ခ်ဘိုလီက ဆိုပါတယ်။

မက်ခ်ဘိုလီက ၂၀၁၀ ပြည့်နှစ်မှာ သူ့ရဲ့ နေထိုင်မှုပုံစံအကြောင်းကို The Moneyless Man နာမည်နဲ့ စာအုပ်ရေးသားခဲ့ပြီး လူသိများ ထင်ရှားလာခဲ့တာပါ။ သူက ငွေကြေးအသုံးမပြုသလို ဖုန်း၊ အင်တာနက်၊ ရေဒီယို၊ လျှပ်စစ်မီး စတာတွေကိုလည်း အသုံးပြုခြင်းမရှိပါဘူး။ သူ့ရဲ့နေထိုင်မှုပုံစံကို ရိုးရှင်းတဲ့ နေထိုင်မှုလို့ ဆိုကြပေမဲ့ တကယ်တမ်းကျတော့ ရိုးရှင်းတဲ့အရာပေါင်းများစွာ ပေါင်းစပ်ထားတဲ့ ရှုပ်ထွေးသော နေထိုင်မှုသာ ဖြစ်တယ်လို့ မက်ခ်ဘိုလီက ပြောပါတယ်။

Ref: The Moneyless Man Has Been Living Money-Free for Over 15 Years

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top