မိုင်ယာမီဖျော်ဖြေပွဲမှာ ရည်းစားနဲ့လမ်းခွဲထားတဲ့ ပရိသတ်တစ်ဦးကို ဒေါ်လာ ၅၀၀၀၀ ပေးခဲ့တဲ့ ရက်ပ်ပါအဆိုတော်ဒရိတ်

9.10.23-yyl-1.jpg

ရက်ပ်ပါအဆိုတော်ဒရိတ်ဟာ သူ့ရဲ့ရက်ရောတဲ့လုပ်ရပ်ကြောင့် သတင်းမီဒီယာတွေမှာ ထပ်မံဖော်ပြခံခဲ့ရပြန်ပါပြီ။ ပြီးခဲ့တဲ့အပတ်က မိုင်ယာမီ ကျင်းပတဲ့ “It’s All a Blur” ဖျော်ဖြေပွဲအတွင်း ဖျော်ဖြေပွဲလာရောက်တဲ့ ပရိသတ်တစ်ဦးကို ဒေါ်လာ ၅၀၀၀၀ ပေးခဲ့တာပါ။ အဲဒီပရိသတ်ဟာ အစက သူ့ရဲ့ချစ်သူကောင်မလေးနဲ့ ဒရိတ်ရဲ့ဖျော်ဖြေပွဲကို လာကြည့်ဖို့ ရည်ရွယ်ထားခဲ့တာပါ။ ဒါပေမဲ့ မကြာသေးခင်ကမှ လမ်းခွဲလိုက်ရပါတယ်။

အဲဒီပရိသတ် ကိုင်ထားတဲ့ ဆိုင်းဘုတ်ကြောင့် ဒရိတ်ကို သတိထားမိသွားစေခဲ့တာပါ။ “ကျွန်တော်နဲ့ ကျွန်တော့်ရည်းစားဟောင်းအတွက် လက်မှတ်ဝယ်ဖို့ ကျွန်တော်ရဲ့စုဆောင်းငွေအကုန်လုံးကို သုံးခဲ့ရတယ်။ ဒါပေမဲ့ ရိုးရိုးသားသားပြောရရင် ဒါက ကိစ္စတော့မရှိပါဘူး။ ဒါက သူမ ဆုံးရှုံးလိုက်ရတာပဲရှိပါတယ်”လို့ ဆိုင်းဘုတ်မှာ ရေးသားထားပါတယ်။

ဒရိတ်ဟာ အဲဒီဆိုင်းဘုတ်ကို မြင်ပြီး သဘောကျတယ်လို့ ပြောခဲ့ပြီး အဲဒီပရိသတ်အတွက် စိတ်မကောင်းမိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် အဲဒီပရိသတ် ခံစားရသက်သာစေဖို့အတွက် ဒေါ်လာ ၅၀၀၀၀ လက်ဆောင်ပေးပြီး နှစ်သိမ့်ပေးဖို့ စီစဉ်ခဲ့တာပါ။ ဒရိတ်ကိုယ်တိုင်လည်း အဲဒီညက မမျှော်လင့်ထားတဲ့ လက်ဆောင်တွေ လက်ခံခဲ့ရပါတယ်။

ဩဂုတ်လကလည်း သူ့ရဲ့ဖျော်ဖြေပွဲအတွင်း ရှေ့တန်းမှာ အားပေးနေတဲ့ အမျိုးသမီးပရိသတ်တစ်ဦးကို ဒေါ်လာ ၃၀၀၀၀ တန် ဒီဇိုင်နာလက်ကိုင်အိတ်တစ်လုံးကို လက်ဆောင်ပေးခဲ့ပါသေးတယ်။
ဒရိတ်က သူ့ရဲ့ကျန်းမာရေးကြောင့် သီချင်းဆိုတာကနေ ခဏအနားယူဖို့လည်း လုပ်နေပါတယ်။ ဝမ်းဗိုက်ကျန်းမာရေးပြဿနာကြုံတွေ့နေရတဲ့အတွက် ၁ နှစ်လောက် အနားယူဖို့ စီစဉ်ထားတယ်လို့ ဒရိတ်က ဆိုပါတယ်။ ဘယ်အချိန် ဂီတအလုပ်ပြန်လုပ်မယ်မသေချာသေးတဲ့အပြင် ၁ နှစ်လည်း ကျော်ချင်ကျော်နိုင်တယ်လို့ ဖွင့်ဟထားပါတယ်။

Ref: Rapper Drake Gives $50,000 To Fan At Miami Concert. Here’s Why

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top