ဩဂုတ်လအတွင်း Google မှာ အရှာများဆုံးထိုင်းဇာတ်လမ်းတွဲနဲ့ဇာတ်ကားများ

27.8.2024-yyl-10.jpg

ကိုရီးယားဇာတ်လမ်းတွဲတွေလိုပဲ ထိုင်းဇာတ်လမ်းတွဲနဲ့ ဇာတ်ကားတွေကလည်း ပရိသတ်တွေကို ဆွဲဆောင်ထားနိုင်တယ်ဆိုတာ ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ အခုနှစ်ထဲမှာလည်း ထိုင်းဇာတ်လမ်းတွဲ၊ ထိုင်းဇာတ်ကားကောင်းလေးတွေ ထွက်ရှိထားပါတယ်။ လက်ရှိ ဘယ်ဇာတ်လမ်းတွဲတွေ၊ ဘယ်ဇာတ်ကားတွေကို ပရိသတ်တွေစိတ်ဝင်စားနေလဲ သိချင်ကြမယ်ထင်ပါတယ်။ ဩဂုတ်လ ၁၉ ရက်နေ့ကနေ ဩဂုတ်လ၂၅ ရက်နေ့အထိ စုဆောင်းထားတဲ့ ဒေတာတွေပေါ်အခြေခံပြီး ဩဂုတ်လ ၄ ပတ်မြောက်အတွင်း Google မှာ အရှာများဆုံး ထိုင်းဇာတ်လမ်းတွဲနဲ့ ထိုင်းဇာတ်ကားတွေရှိပါတယ်။ ထိပ်ဆုံးမှာ ရပ်တည်နေတဲ့ ဇာတ်လမ်းတွဲ၊ ဇာတ်ကား ၅ ကားကတော့

၁ Terror Tuesday; Extreme (Netflix)

ဩဂုတ်လ ၂၀ ရက်နေ့က ထွက်ရှိခဲ့တဲ့ Terror Tuesday; Extreme သည်းထိပ်ရင်ဖိုဇာတ်လမ်းတွဲက ထိပ်ဆုံးနေရာမှာရပ်တည်နေပါတယ်။ ဒီဇာတ်လမ်းတွဲမှာ Cheraprang Areekul၊ Music Praewa တို့က အဓိကသရုပ်ဆောင်ထားကြပါတယ်။

၂ The Paradise of Thorns (GDH 559)

Jeff Satur၊ Engfa Waraha တို့ အဓိကပါဝင်ထားတဲ့ The Paradise of Thorns ရုပ်ရှင်ကားက နံပါတ် ၂ နေရာမှာပါ။ ဒီရုပ်ရှင်ဟာ ဩဂုတ်လ ၂၂ ရက်နေ့မှာ ထွက်ရှိခဲ့တာပါ။ကြည့်ရှုသူတွေဆီက ကောင်းတဲ့တုံ့ပြန်ချက်တွေလည်းရရှိထားပါတယ်။

၃ The Lady and Her Lovers (ONE 31)

မင်းသမီးချော Baifern Pimchanok ပါဝင်ထားပြီး မြန်မာပရိသတ်တွေပါ ကြည့်ရှုနေကြတဲ့ The Lady and Her Lovers ဇာတ်လမ်းတွဲကတော့ တတိယနေရာမှာ ရပ်တည်နေပါတယ်။

၄ Duang Jai Tewaprom; Phon Cheewan (Thai Channel 3)

Kao Noppakao နဲ့ PP Punpreedee ပါဝင်ထားတဲ့ Duang Jai Tewaprom; Phon Cheewan ဇာတ်လမ်းတွဲကတော့ ကြည့်ရှုသူတွေကို ဆွဲဆောင်ထားနိုင်ပြီး နံပါတ် ၄ နေရာမှာ ရှိနေပါတယ်။

၅ Bangkok Breaking: Fa Narok Mueang Thewada (Netflix)

နံပါတ် ၅ နေရာမှာ ရှိနေတာကတော့ ထိပ်တန်းမင်းသားချော Weir Sukollawat ပါဝင်ထားတဲ့ အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ Bangkok Breaking: Fa Narok Mueang Thewada ဆိုတဲ့ ဒီဇာတ်ကားက ၂၀၂၁ ခုနှစ်က ထွက်ရှိတဲ့ Bangkok Breaking ရဲ့အဆက်ဇာတ်ကားဖြစ်ပါတယ်။ ဒီဇာတ်ကားကတော့ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့မှ ထွက်ရှိမှာဖြစ်ပါတယ်။

Ref: The Most Searched Thai Drama Series And Movies on Google For The 4th Week of August 2024

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top