ဖိလစ်ပိုင်နိုင်ငံရဲ့ ဒုတိယလှုပ်ရှားမှုအများဆုံး မီးတောင်ကနေ ချော်ရည်တွေ ပန်းထွက်နေ

yyl-003-4.jpg

ဖိလစ်ပိုင်နိုင်ငံက မီးတောင်တစ်လုံးမှာ ချော်ရည်တွေ ပန်းထွက်နေတဲ့အတွက် လာမယ့်နာရီပိုင်း ဒါမှမဟုတ် ရက်ပိုင်းအတွင်း အန ္တရာယ်ဖြစ်စေနိုင်တဲ့ ပေါက်ကွဲမှုဖြစ်နိုင်တယ်လို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။ ဇန်နဝါရီလ ၁၃ ရက် နံနက်ပိုင်းမှာ ဖိလစ်ပိုင်နိုင်ငံမြို့တော် မနီလာမြို့တောင်ဘက် ၄၅ မိုင်အကွာမှာရှိတဲ့ တာမီးတောင်ကနေ ချော်ရည်တွေ ပန်းထွက်ခဲ့တာပါ။ မီးတောင်ကနေ ပြာတွေ မှုတ်ထုတ်ခဲ့လို့ အဲဒီနေရာတစ်ဝိုက်မှာ နေထိုင်သူ ၈၀၀၀ လောက်ကို ရွှေ့ပြောင်းပေးခဲ့ပြီးနောက်မှာ ချော်ရည်တွေ ပန်းထွက်လာခဲ့တာပါ။ ကမ္ဘာ့အသေးဆုံးမီးတောင်ရှင်တစ်လုံးဖြစ်တဲ့ တာ(Taal)မီးတောင်ဟာ ဖိလစ်ပိုင်နိုင်ငံမှာ ဒုတိယ လှုပ်ရှားမှုအများဆုံးမီးတောင်ရှင်ဖြစ်ပြီး ပြီးခဲ့တဲ့ နှစ် ၄၅၀ အတွင်း အနည်းဆုံး မီးတောင်ပေါက်ကွဲမှု ၃၄ ကြိမ် ဖြစ်ခဲ့ဖူးပါတယ်။

မီးတောင်ပေါက်ကွဲရင် ဆူနာမီလှိုင်းတွေဖြစ်ပေါ်နိုင်တယ်လို့ ဖိလစ်ပိုင်နိုင်ငံ မီးတောင်နဲ့ ငလျင်သိပ္ပံဌာနက သတိပေးထားပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မီးတောင်ပြာတွေ ထွက်ပေါ်လာခဲ့ပြီး လှုပ်ခတ်သံတွေ၊ တုန်ခါမှုတွေဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အနီးပတ်ဝန်းကျင်ဒေသတွေအပေါ် မီးတောင်ပြာတွေ ကျခဲ့လို့ ဒေသခံတွေအနေနဲ့ နှာခေါင်းစည်းတွေ စည်းထားကြဖို့ အကြံပြု ထားပါတယ်။ မီးတောင်ပြာတွေကြောင့် မနီလာအပြည်ပြည်ဆိုင်ရာလေဆိပ်ရဲ့ လေကြောင်းခရီးစဉ်တွေ ဆိုင်းငံ့ခဲ့ရပြီး မနီလာစတော့အိတ်ချိန်းကလည်း ရောင်းဝယ်ဖောက်ကားမှုတွေကို ရပ်နားမယ်လို့ ကြေညာထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top