မြန်မာနိုင်ငံက လူဦးရေ (၃) သန်းကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေပေးသွားမယ်လို့ ကုလသမဂ္ဂရုံးထုတ်ပြန်

135796567_3959009754138888_3428379606207290099_n.jpg

ရန်ကုန်၊ ဇူလိုင် (၂၀)

မြန်မာနိုင်ငံက လူဦးရေ စုစုပေါင်း (၃) သန်းကို နိုင်ငံအတွင်း လူသားချင်းစာနာမှုဆိုင်ရာအကူအညီနဲ့ အကာအကွယ်ပေးရေးလုပ်ငန်းတွေကို ဦးတည်လုပ်ဆောင်ပေးသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (United Nations OCHA)က ထုတ်ပြန်လိုက်ပါတယ်။

လူသားချင်းစာနာမှုဆိုင်ရာ ကူညီထောက်ပံ့ပေးသွားမယ့် လူဦးရေ စုစုပေါင်း (၃) သန်းမှာ ပဋိပက္ခဒဏ်ခံစားနေရတဲ့ လူပေါင်း (၁) သန်းနဲ့ ဖေဖော်ဝါရီလ (၁) ရက်နောက်ပိုင်း အကူအညီလိုအပ်နေတဲ့ လူဦးရေ (၂) သန်းတို့ဖြစ်တယ်လို့ သိရပါတယ်။

အကူအညီလိုအပ်နေတဲ့ လူဦးရေ (၂) သန်းမှာ ရန်ကုန်နဲ့ မန္တလေးမြို့က မြို့ပေါ်နဲ့ ဆင်ခြေဖုံးဒေသက မိသားစုတွေအပြင် ဖေဖေါ်ဝါရီလ (၁) ရက်နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးလာရသူတွေလည်း ပါဝင်နေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံးရဲ့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

လက်ရှိမှာ လူဦးရေ (၃) သန်းကို ထောက်ပံ့ဖို့အတွက် တောင်းခံထားတဲ့ အမေရိကန်ဒေါ်လာ ၂၇၆.၅ မီလီယံအပြင် ဒေါ်လာ ၁၀၉ မီလီယံ ထပ်မံလိုအပ်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Photo- United Nations OCHA

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top