Covid-19 ကာကွယ်ရေးအတွက် မင်းတပ်မြို့က လူဦးရေ (၅၀၀၀) ကို တကိုယ်ရေသုံးပစ္စည်းတွေ UNHCR က ကူညီထောက်ပံ့ပေးသွားမယ်

219914579_1989913524516770_7069428874527297191_n.jpg

ရန်ကုန်၊ ဇူလိုင်လ (၂၀)

COVID-19 ကာကွယ်ရေးအတွက် ချင်းပြည်နယ်၊ မင်းတပ်မြို့က လူဉီးရေ (၅,၀၀၀) (အိမ်ထောင်စုပေါင်း ၁၀၀၀ ) ခန့်ကို တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာတွေအပါအဝင်၊ အစားအစာမဟုတ်တဲ့ တာပေါ်လင်၊ ခြင်ထောင်၊ ဖျာ၊ စောင်၊ မီးဖိုချောင်သုံးပစ္စည်းတွေနဲ့ နေရောင်ခြည်စွမ်းအင်သုံး မီးအိမ်တွေကို ကူညီ ထောက်ပံ့ဖြန့်ဖြူးသွားမှာဖြစ်တယ်လို့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး (UNHCR)က ထုတ်ပြန်လိုက်ပါတယ်။

“ကျွန်ုပ်တို့ရဲ့ လုပ်ဆောင်မှုက လူသားချင်းစာနာထောက်ထားသော၊ ဘက်မလိုက်သော၊ လူသားချင်းစာနာထောက်ထားမှု အကူအညီလိုအပ်နေသူများအပေါ် အခြေပြုသော လုပ်ငန်းစဉ် သပ်သပ် ဖြစ်ပါတယ်” လို့ UNHCR တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်၊ မင်းတပ်မြို့က လူဦးရေ (၅၀၀၀) (အိမ်ထောင်စုပေါင်း ၁၀၀၀ ) ခန့်ကို ကူညီထောက်ပံ့ပေးမယ့် ပစ္စည်းတွေကို ဇူလိုင်လ (၂၀) ရက်နေ့မှစတင်ပြီး ဒီတစ်ပတ်လုံး UNHCR ဝန်ထမ်းတွေနဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကတစ်ဆင့် အကူအညီလိုအပ်နေသူ တစ်ဦးချင်းနဲ့ ရပ်ရွာလူထုကို လွှဲပြောင်းပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။

တကိုယ်ရေသုံး အကာအကွယ် ပစ္စည်းကိရိယာတွေအပါအဝင် အခြားသော ပစ္စည်းတွေကို ထောက်ပံ့ပေးဖို့အတွက် UNHCR ယာဉ်တန်းက ချင်းပြည်နယ်၊ မင်းတပ်မြို့ကို ဇူလိုင်လ (၁၉) ရက်နေ့က ရောက်ရှိနေတာဖြစ်ပါတယ်။

ဒါ့ပြင် UNHCR အနေနဲ့ ချင်းပြည်နယ်အပြင် နိုင်ငံအဝှမ်းက အဓိကကျတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီ လိုအပ်နေသူတွေကို အထောက်အပံ့တွေ ဆက်လက်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo- UNHCR

Cherry(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top