စကြဝဠာထဲမှာ ဖော့စ်ဖောရပ် (phosphorus) ရှားပါးမှုကြောင့် ဂြိုလ်သားတွေကို တွေ့ရနည်းခြင်းဖြစ်

yyl-021.jpg

သိပ္ပံပညာရှင်တွေကတော့ စကြဝဠာအတွင်း ဘာကြောင့် ဂြိုဟ်သားတွေ နည်းပါးနေရတယ်ဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပြီးပုံ ရပါတယ်။ လေ့လာတွေ့ရှိချက်အသစ်အရတော့ ကမ္ဘာပေါ်မှာနေထိုင်တဲ့ သက်ရှိမျိုးစိတ်တွေဟာ ထင်ထားတာထက် ပိုပြီး ဆန်းပြားနေတယ်ဆိုတာပါပဲ။ သုတေသနတစ်ခုက စကြဝဠာအတွင်းမှာ ဖော့စ်ဖောရပ် (phosphorus) တွေ တော်တော်လေး ကုန်ဆုံးနေပြီဖြစ်ကြောင်း ဖော်ပြခဲ့ဖူးပါတယ်။

ဂြိုဟ်တစ်ခုပေါ်မှာ သတ္တဝါတွေ အသက်ရှင်နေထိုင် ရပ်တည်ရေးအတွက် လိုအပ်တဲ့ မေ၊ လေ၊ရေ၊ မီး စတာတွေ ပုံမှန်လည်ပတ်နိုင်ဖို့ အချို့ အခြေခံကျတဲ့လုပ်ဆောင်ချက်တွေ လိုအပ်နေတာ ဖြစ်ပါတယ်။ သဘာဝတရားကြီးဟာ သက်ရှိ DNA ရဲ့ အခြေခံအကျဆုံးအပိုင်းဖြစ်တဲ့ ကိုယ်တွင်း စွမ်းအင်သိုလှောင်ခြင်းနဲ့ ကူးပြောင်းခြင်းတွေကို လုပ်ဆောင်နိုင်အောင်လည်း အထောက်အပံ့ပေးနေပါသေးတယ်။

ဒါပေမဲ့ လေ့လာတွေ့ရှိချက်အသစ်အရ ကျွန်တော်တို့လူသားတွေ နေထိုင်ရာကမ္ဘာကြီးဟာ စူပါနိုဗေး (supernovae) နဲ့ အလွန်နီးကပ်စွာ ရှိနေခဲ့တဲ့အတွက် အဆိုပါစွမ်းအင်တွေကို ကမ္ဘာကနေ လုံလုံလောက်လောက် ရရှိနေတာလည်း ဖြစ်ပါတယ်။

ဖော့စ်ဖောရပ် (phosphorus) ဆိုတာဟာ ကြယ်တာရာတွေ သက်တမ်းကုန်ဆုံးပြီး ပေါက်ကွဲခြတာကြောင့် ဖြစ်ပေါ်လာတာပဲဖြစ်ပါတယ်။ ဒါပေမဲ့လည်း ပုံမှန်စူပါနိုဗေး (supernovae) တွေကတော့ ပေါက်ကွဲပြီးနောက်မှာ ဖော့စ်ဖောရပ် (phosphorus) ဖြစ်ပေါ်ဖို့အတွက် မှန်ကန်တိကျတဲ့ အချိန်အခါ၊ အနေအထားမျိုး မရှိနေခဲ့ပါဘူး။

အဲဒီအစား ကျွန်တော်တို့ကမ္ဘာမြေကြီးကတော့ မှန်ကန်တိကျတဲ့ အချိန်အခါ၊ အနေအထားမျိုးရှိတဲ့ စူပါနိုဗေး (supernovae) နဲ့ အတော်လေးနီးကပ်နေခဲ့တာဟာ ထူးထူးခြားခြား ကံကောင်းခြင်းတစ်မျိုးလည်း ဖြစ်ပါတယ်။

ကာဒစ်ဖ် (Cardiff) တက္ကသိုလ်က နက္ခတ္တဗေဒပညာရှင် ဒေါက်တာ ဂျိန်း ဂရီးဗ်စ် (Dr Jane Greaves) ကတော့ “ဂြိုဟ်အသစ်တွေဆီကို ဖော့စ်ဖောရပ် (phosphorus) သယ်ဆောင်ပေးနေတဲ့ ဂြိုဟ်ပတ်လမ်းကြောင်းဟာ စိတ်ချရတဲ့အနေအထားမှာ မရှိတော့ပါဘူး။ ကျွန်တော်တို့ အရင်တုန်းကထင်ထားခဲ့တဲ့အတိုင်းပဲ ဖော့စဖရက် (phosphorus) ဒြပ်စင်တွေဟာ အဏုမြူ ဒြပ်မှုန်-ဇီဝမော်လီကျူ အနေနဲ့ ပါဝင်ဓာတ်ပြုပြီး ဥက္ကာခဲအဖြစ် ကမ္ဘာမြေပေါ်ရောက်ရှိလာတာပါ။ စူပါနိုဗေး (supernovae) ဆီက ဖော့စ်ဖောရပ် (phosphorus) တွေ ဥက္ကာခဲအနေနဲ့ အာကာသထဲ လှည့်ပတ်နေကြတဲ့အချိန် ဂြိုလ်သိမ်လေးတစ်ခုနဲ့ တွေ့ထိဓာတ်ပြုသွားမလားလို့လည်း ကျွန်တော်စဉ်းစားမိပါသေးတယ်။ ဒါဟာ မှားယွင်းတဲ့ စူပါနိုဗေး (supernovae) အနားမှာ စတင်ဓာတ်ပြုလိုက်ခြင်းပါပဲ။ ဒီကိစ္စရပ်မှာဆိုရင် အားနည်း-ဖော့စဖရက် (phosphorus) ဓာတုဓာတ်ပြုခြင်း ဖြစ်သွားတဲ့အတွက် အဲဒီဂြိုလ်ပေါ်မှာ စတင်ဖြစ်တည်ကြမယ့် သက်ရှိတွေအနေနဲ့ ကျွန်တော်တို့ကမ္ဘာဂြိုလ်ပေါ်က သက်ရှိတွေလိုမျိုး အသက်ရှင် ဆေနထိုင်နိုင်ဖို့အတွက်တော့ တော်တော်ခက်ခက်ခဲခဲကို ရုန်းကန်ရပါလိမ့်မယ်” လို့ ပြောကြားခဲ့ပါတယ်။

နောက်ထပ် ကက်စီယိုပိုင်ယာ အေ (Cassiopeia A) (Cas A) နဲ့ နာမည်ကျော် ခရပ်ဘ် နက်ဗျူလာ (Crab Nebula) တို့ရဲ့ စူပါနိုဗေး (supernovae) အစိတ်အပိုင်းနှစ်ခုကို လေ့လာစူးစမ်းချက်တွေကနေလည်း သက်သေအထောက်အထားတချို့ရရှိထားပါသေးတယ်။

အင်္ဂလန်နိုင်ငံရဲ့ ဝီလျံ ဟာ့စ်ရှဲလ် (William Herschel) အဝေးကြည့်မှန်ပြောင်းကို အသုံးပြုပြီး ကနေရီ (Carary) ကျွန်း၊ ပယ်လ်မာ (Palma) ကနေ ခရပ်ဘ် နက်ဗျူလာ (Crab Nebula) ထဲက ဖော့စ်ဖောရပ် (phosphorus) နဲ့ အိုင်ရွန်း (iron) တို့ကို သုတေသနပြုလုပ်ခဲ့တဲ့ နောက်ဆက်တွဲရလဒ်အနေနဲ့ တားရပ်စ် (Taurus) ရှိ ကြယ်အစုအဝေးမှ စူပါနိုဗေး (supernovae) ပေါက်ကွဲမှုကို အလင်းနှစ် ၆,၅၀၀ အကွာကနေ မှတ်တမ်းတင်နိုင်ခဲ့တာဖြစ်ပါတယ်။

Cas A ရဲ့ ယခင်လေ့လာတွေ့ရှိချက်မှာတော့ အလင်းနှစ် ၁၁,၀၀၀ အကွာမှာ ဖော့စ်ဖောရပ် (phosphorus) ကိုရှာဖွေတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ကာဒစ်ဖ် (Cardiff) တက္ကသိုလ်မှ နောက်ထပ် နက္ခတ္တဗေဒပညာရှင်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ဖီးလ် ဆစ်ဂန် (Dr Phil Cigan) ကတော့ “Cas A ရဲ့ သုတေသနပြုမှု ရလဒ်ဟာ ရှားပါးပြီး အလွန်ကြီးမားတဲ့ ကြယ်တာယာပေါက်ကွဲမှုကြီးဖြစ်တဲ့အတွက် ဒီပေါက်ကွဲမှုနှစ်ခုမှာ ခြားနားချက်တော်တော်များများ ရှိနေတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ပြောကြားခဲ့ပါတယ်။

သုတေသနပြုချက်ရလဒ်တွေကိုတော့ လီဗာပူးလ် (Liverpool) မြို့မှာကျင်းပခဲ့တဲ့ EU ရဲ့ အပတ်စဉ် နက္ခတ္တဗေဒနဲ့ အာကာသသိပ္ပံ အစည်းအဝေးပွဲမှာ တင်ပြခဲ့တာ ဖြစ်ပါတယ်။

အခု လက်ရှိမှာ သိပ္ပံပညာရှင်တွေဟာ အခြား စူပါနိုဗေး (supernovae) အစိတ်အပိုင်းတွေအပြင် ဖော့စ်ဖောရပ် (phosphorus) ကင်းမဲ့မှုနဲ့ပတ်သက်ပြီး စူးစမ်းရှာဖွေမှုတွေ ဆက်လက်ပြုလုပ်သွားဖို့ စီစဉ်နေကြတယ်လို့ သိရှိရပါတယ်။

Ref : www.independent.co.uk

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top