ပရိသတ်တစ်ဦးရဲ့ ကိုယ်ဝန်ရှိနေကြောင်းသတင်းကို ရှိုးပွဲ ခဏရပ်ပြီး ကြေညာပေးခဲ့တဲ့ ဂျက်စတင် တင်းဘားလိတ်ခ်(Justin Timberlake)

j.jpg

ကမ္ဘာတစ်ဝန်းမှာရှိနေကြတဲ့ ပရိသတ်တွေက ဂျက်စတင် တင်းဘားလိတ်ခ်ကို ဘာကြောင့် ကြိုက်ကြလဲဆိုတဲ့ အကြောင်းရင်းကို စာရင်းပြုစုမယ်ဆိုရင် ဒါက အတော်ခက်ခဲမှာပါ။ အံ့အားသင့်လောက်အောင်ကောင်းတဲ့ သီချင်းတွေကို ဖန်တီးနိုင်တယ်ဆိုတာက သူ့ကိုကြိုက်ကြတဲ့ ထိပ်ဆုံးအကြောင်းရင်းပေါ့။ ဒါ့အပြင်.သူကအရမ်း သဘောကောင်းတဲ့ လူတစ်ယောက် ဖြစ်ပါတယ်။

ဒီနှစ်မှာ ကျင်းပတဲ့ Super Bowl half-time ရှိုးပွဲမှာလည်း ပရိသတ်တွေနဲ့ ဘယ်လိုမျိုး ခင်မင်ကြောင်း သူက ပြသသွားပါတယ်။ ၁၃ နှစ်အရွယ်ကောင်လေး Ryan McKenna နဲ့ မျှော်လင့်မထားဘဲ ဆယ်ဖီပုံတင်လိုက်တာက အင်တာနက်မှာ တစ်မဟုတ်ချင်း ပျံ့သွားပါတယ်။ တင်းဘားလိတ်ခ်ရဲ့ကောင်းမှုနဲ့ ဆယ်ကျော်သက်ကောင်လေးက ညတွင်းချင်း နာမည်ကြီး ဖြစ်သွားပါတယ်။ Good Morning America မှာတောင် အင်တာဗျူးခွင့် ရခဲ့ပါတယ်။

ဒါ့အပြင် တင်းဘားလိတ်ရဲ့ သဘောကောင်းမှုက စတိတ်စင်ပေါ် ဖျော်ဖြေတုန်းမှာလည်း ပေါ်လွင်ခဲ့ပါတယ်။ ရှိုးပွဲမှာ ဖျော်ဖြေနေစဉ်အတွင်းမှာလည်း ပရိသတ်မိန်းကလေးတစ်ဦးက ဘုတ်ပြားလေး တစ်ခု ကိုင်ထားတာ သူတွေ့လိုက်ပါတယ်။ တင်းဘားလိတ်က အဲ့မိန်းကလေး ရဲ့ ဘုတ်ပြားလေးကို လှမ်းယူပြီး ပရိသတ်ကြီးဆီ ဖတ်ပြတာက “ကျွန်မမှာ ကိုယ်ဝန်ရှိနေတယ်ဆိုတာ ကူညီပြီး ကြေညာပေးပါလား” ဆိုတာဖြစ်ပါတယ်။ ဒါကြောင့်တင်းဘားလိတ်ကရှိုးပွဲကိုခဏရပ်ပြီး ကြေညာပေးခဲ့ပါတယ်။

ပရိသတ်ထောင်သောင်းချီရှေ့မှာ ကြေညာပေးလိုက်တဲ့အတွက် ကောင်မလေးက စိတ်လှုပ်ရှားပြီး ပျော်ရွှင်ခဲ့ပါတယ်။ ကောင်မလေးရဲ့ သတင်းကို ကြားသိရတဲ့ သူမ မိသားစုနဲ့ သူငယ်ချင်းတွေကလည်း သူမဆီ မက်ဆေ့ခ်ျလေးတွေပေးပို့ပြီး ဝမ်းသာခဲ့ကြပါတယ်။ ဒါက သူမအတွက်အိမ်မက်တွေ တကယ်ဖြစ်လာပြီဆိုပြီး ပြောပြခဲ့ပါတယ်။ “ကျွန်မ ၆ နှစ်အရွယ်တည်းက တင်းဘားလိတ်ခ်ကိုကြိုက်ခဲ့တာပါ။ ဒါကြောင့် ကျွန်မကိုယ်ဝန်သတင်းကို ကြေညာစေချင်တဲ့ တစ်ယောက်သောသူက တင်းဘားလိတ်ခ်ပါပဲ”ဆိုပြီး သူမကပြောခဲ့ပါတယ်။

Ref: fabiosa

May Moe(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top