32MP Super Night Selfie Camera ပါဝင်သော V20 SE ကို ဒီဇင်ဘာလမှ (၅) ရက်နေ့မှစတင်ဝယ်ယူနိုင်ပြီ

vivo-image3.jpg

ကမ္ဘာထိပ်တန်းစမတ်ဖုန်းအမှတ်တံဆိပ်ဖြစ်သည့် vivo မှ စွဲမက်ဖွယ်ရာ စွမ်းရည်မြင့် V20 စီးရီးစမတ်ဖုန်းသစ် V20 SE ကို မကြာသေးခင်က မြန်မာပြည်တွင် မိတ်ဆက်ခဲ့သည်။ V20 SE တွင် ညအချိန် ထူးခြားဆန်းကြယ်စွာ selfies ရိုက်ကူးမှုများအတွက် 32MP Selfie camera ပါဝင်လာသည်။

32MP အရှေ့ကင်မရာသည် ရိုက်ချက်တိုင်း၏ အသေးစိတ်အရာများကိုပင် ကောင်းမွန်စွာ ထိန်းသိမ်းထားနိုင် သောကြောင့် ရုပ်ထွက်ကြည်လင်ပြတ်သားသည့် ရုပ်ပုံအရည်အသွေးကို ပေးစွမ်းနိုင်သည်။ V20 SE ကင်မရာ၏ High dynamic range (HDR) စနစ်က အလင်းနှင့်အမှောင်ကြားရှိ အံ့ဩဖွယ်ရာကောင်းသည့် ပြောင်းလဲမှု တို့နှင့်အတူ သုံးစွဲသူများသည် ညအချိန်တွင် လင်းလက်တောက်ပစွာဓာတ်ပုံရိုက်ကူးနိုင်မည့် အတွေ့အကြုံ ကောင်းများ ရရှိနိုင်စေမည်။

Super Night mode Selfie ၏ မြင့်မားသောနည်းပညာသည် သဘာဝဆန်သည့် အရောင်များရရှိစေရန် အလင်းအမှောင်ချိန်ညှိပေးပြီး အမှောင်ထုထဲအတွင်းမှာပင် အကောင်းဆုံးပုံရိပ်များကို ဖမ်းယူနိုင်ရန်အတွက် ထောက်ပံ့ပေးထားသည်။ အလင်းရောင်နည်းပါးသည့်နေရာများတွင် အလင်းရောင်ပိုမို ရရှိပြီး ကြည်လင်ပြတ်သားသည့် အရာဝတ္ထုများကို အဆင်ပြေလွယ်ကူစွာ ရိုက်ကူးနိုင်ပါသည်။ စိတ်အား ထက်သန်စွာဖြင့် သဘာဝ၏အလှတရားကို ရှာဖွေချင်သူများ၊ မြို့ပြမီးရောင်များအောက် အေးဆေးငြိမ်သက်စွာ ဖြတ်သန်းချင်သူများနှင့် အနှစ်သာရရှိပြီး လွတ်လပ်သည့်စိတ်ကူးစိတ်သန်းများ၊ အဖြစ်အပျက် အခိုက်အတန့် တိုင်းကို မှတ်တမ်းတင်ချင်သူ လူငယ်များအတွက် super night selfie camera မှာ သိသာထင်ရှားသည့် အပြောင်းအလဲများဖြစ်လာနိုင်သည်ကို သက်သေပြလျက်ရှိသည်။

သုံးစွဲသူများအတွက် စိတ်ကျေနပ်ပျော်ရွှင်စေမည့် Professional Portrait Mode ဓာတ်ပုံရိုက်ကူးမှုမှတဆင့် professional အဆင့်ဓာတ်ပုံပညာအတွေ့အကြုံသစ်သို့ ပြောင်းလဲချင်သည့် လူငယ်များ၏ စိတ်ဆန္ဒကို vivo မှ ကောင်းစွာသိရှိနားလည်ခဲ့သည်။ ထို့ကြောင့် V20 SE တွင် Face Beauty နှင့် Pose master, bokeh effects များ ထည့်သွင်းထားသောကြောင့် ကိုယ်နေဟန်ထားစတိုင်အမျိုးမျိုးကို သုံးစွဲသူများမှ အကောင်းဆုံးအနေ အထားဖြင့် ပြုလုပ်နိုင်ပါသည်။ V20 SE ၏ နောက်ထပ်စိတ်လှုပ်ရှားဖွယ်ကောင်းသည့် effect တစ်ခုမှာ Multi-Style portrait ဖြစ်သည်။ ထိုအရာသည် သဘာဝဆန်ဆန်လုပ်ဆောင်ချက်များကို တိုးမြှင့်ပေးပြီး bokeh effect မှာ သုံးစွဲသူများအား ဓာတ်ပုံ၏ဆုံမှတ်အလယ်တွင် ရောက်ရှိနေစဉ် frame အတွင်းရှိ အရောင်ကာလ များနှင့် ပြီးပြည်စုံပြီး လိုက်ဖက်မှုရှိစေရန် ကူညီပေးသည်။ အဆိုပါ effect များသည် သာမာန်ဆဲလ်ဖီဓာတ်ပုံ ကိုပင် ဓာတ်ပုံပညာရှင်တစ်ဦးမှ ရိုက်ပေးလိုက်သည့်အတိုင်း ထူးခြားအံ့ဩဖွယ်ရာ ဓာတ်ပုံတစ်ခုကဲ့သို့ ပြောင်းလဲပေးနိုင်သည်။

AI လုပ်ဆောင်ချက်ထည့်သွင်းထားသည့် Facial beauty feature သည် အသားအရောင်အနေအထားကို အထူး ပံ့ပိုးလုပ်ဆောင်ပေးသည်။ ထိုအရာသည် အသားအရည်၊ အရောင်ကာလာနှင့် မျက်နှာအသွင်အပြင်များကို ထူးခြားကောင်းမွန်စေသောကြောင့် စိတ်ဖိစီးမှုများသည့်နေ့များတွင်ပင် ပြီးပြည့်စုံသည့်ဓာတ်ပုံများကို ရိုက်ကူး ပေးရန် အကောင်းဆုံးနည်းလမ်းဖြစ်သည်။ V20 SE ၏ နောက်ထပ်စိတ်ဝင်စားစရာကောင်းသည့်အချက်မှာ ဆဲလ်ဖီလ်ကြိုက်နှစ်သက်သည့် အမျိုးသားများမှလည်း နောက်ကျကျန်ရစ်ခဲ့မည်မဟုတ်ဘဲ ၎င်းတို့၏ မျက်နှာ ကျပုံအလိုက် တည်ကြည်ခန့်ညားသည့် ပုံပန်းသဏ္ဍာန်များကို specialised features များတွင် ရယူအသုံးပြု နိုင်ပါသည်။

V20 SE ရှိ Aura Screen Light သည် အထူးသဖြင့် အလင်းရောင်နည်းပါးသည့် ညအချိန်တွင်ရိုက်ကူး မည့် ဓာတ်ပုံများအတွက် စတူဒီယိုအလင်းရောင်ကို ပေးစွမ်းနိုင်သည့် အထူး Feature ဖြစ်သည်။ အဆိုပါ Feature မှာ ဦးစားပေးရိုက်ကူးမည့် ရုပ်ပုံအရည်အသွေးကို တိုးမြှင့်စေပြီး အခန်းတွင်းနှင့် အပြင်ဘက် ပတ်ဝန်း ကျင်ရှိ အလင်းရောင်များကို အလိုအလျောက်ချိန်ညှိပေးပါသည်။ vivo သည် ခေတ်မှီသော သုံးစွဲသူများအတွက် နည်းပညာစွမ်းရည်များဖြစ်သည့် အထူးသဖြင့် တစ်မူထူးခြားသော ကင်မရာစွမ်းဆောင်ရည်များကို ဆန်းသစ် တီထွင်ပြီး သက်သေပြခဲ့ပါသည်။

vivo သည် နည်းပညာလောကရှိ စမတ်ဖုန်းဓာတ်ပုံရိုက်ကူးမှုအားလုံးကို ပြောင်းလဲစေနိုင်ခဲ့သည်။ V20 SE သည် လူငယ်များ၏ စွမ်းဆောင်ရည်ကို မြှင့်တင်ရန်နှင့် ၎င်းတို့၏ လိုအပ်ချက်များကို အကောင်းဆုံးနည်းလမ်းများဖြင့် ဖြည့်ဆည်းပေးသွားမည်။ V20 SE ကို ဒီဇင်ဘာ (၅) ရက်နေ့မှစတင်၍ အမြို့မြို့အနယ်နယ်ရှိ ဖုန်းအရောင်းဆိုင် များအားလုံးတွင် ဝယ်ယူရရှိနိုင်ပြီဖြစ်သည်၊။

Team ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top