နယ်စပ်ရှိ ဝါဒဖြန့်ချိရေး အသံလွှင့် လော်စပီကာတွေကို တောင်ကိုရီးယား ပိတ်သိမ်း

100988587_gettyimages-72494964.jpg

အခုသီတင်းပတ်နောက်ပိုင်းမှာ ပြုလုပ်မယ့် အဆင်မြင့်အရာရှိကြီးတွေရဲ့ ဆွေးနွေးမှုမတိုင်ခင် တောင်ကိုရီးယားနိုင်ငံဟာ မြောက်ကိုရီးယား နယ်စပ်တစ်လျှောက်မှာ ချထားတဲ့ ဝါဒ ဖြန့်ချိရေးပြုလုပ်ဖို့ ဖွင့်တဲ့ လော်စပီကာကြီးတွေကို ပိတ်သိမ်းလိုက်တယ်လို့ သိရပါတယ်။

တောင်ကိုရီးယားဟာ နယ်စပ်ဒေသတစ်လျှောက်မှာ လော်စပီကာကြီးတွေ ဒါဇင်ချီ ချထားခဲ့ပြီး အဲဒီ ဝါဒဖြန့်ချိရေး လော်စပီကာစက်ကြီးတွေက ထွက်ပေါ်လာတဲ့အသံတွေကို နယ်စပ်ဒေသတစ်လျှောက်မှာရှိနေတဲ့ မြောက်ကိုရီးယားတပ်ဖွဲ့တွေနဲ့ မြောက်ကိုရီးယား ပြည်သူတွေ ကြားသိနိုင်ပါတယ်၊

တောင်ကိုရီးယားက လော်စပီကာတွေကို ပိတ်လိုက်ပေမယ့် မြောက်ကိုရီးယားဘက်က နယ်စပ်ဒေသက ၎င်းတို့ရဲ့လော်စပီကာတွေကို ပိတ် မပိတ် ဆိုတာကို မသိသေးဘူးလို့ သိရပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နယ်စပ်မှာချထားတဲ့ လော်စပီကာကြီးတွေကနေ တောင်ကိုရီးယား နဲ့ တောင်ကိုရီးယားရဲ့ မဟာမိတ်နိုင်ငံတွေအပေါ် ဝေဖန်တဲ့ အကြောင်းအရာတွေကို ဖွင့်လှစ်ပြမှုတွေ ပုံမှန်ပြုလုပ်ခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယား နဲ့မြောက်ကိုရီးယားနိုင်ငံကြား စစ်ရေးတင်းမာမှုကို လျှော့ချဖို့ နဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ဖန်တီးနိုင်ဖို့ ရည်ရွယ်ကာ နယ်စပ်ဒေသမှာရှိတဲ့ လော်စပီကာတွေ ပိတ်ခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ နျူကလီယား ဗုံးစမ်းသပ်တဲ့နေရာကို ပိတ်ဖို့ နဲ့ နျူကလီယား စမ်းသပ်တာတွေကို ဆိုင်းငံဖို့ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းက ကြေညာခဲ့ပါတယ်။ မြောက်ကိုရီးယားနိုင်ငံဟာ တောင်ကိုရီးယား၊ အမေရိကန်တို့ နဲ့ သမိုင်းဝင် ဆွေးနွေးမှုတွေလုပ်ဖို့ ပြင်ဆင်မှုတွေ လုပ်နေချိန်မှာပဲ နျူကလီယား စမ်းသပ်တာတွေ ရပ်ဆိုင်းဖို့ အံအားသင့်ဖွယ် ကြေညာလာခဲ့တာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ဟာ လာမယ့်သောကြာနေ့မှာ တောင်ကိုရီးယား သမ္မတ မွန်ဂျေအင်နဲ့ ပန်မွန်ဂျွန်မှာ ဆယ်စုနှစ်အတွင်း ကိုရီးယားထိပ်သီး ဆွေးနွေးပွဲ လုပ်ဆောင်မှာဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံဟာ ကိုရီးယားကျွန်းဆွယ်စစ်ပွဲ ပြီးချိန်တည်းက နယ်စပ်ဒေသမှာ ဝါဒဖြန့်ချိရေး အသံလွှင့် လော်စပီကာတွေကို မရပ်မနားဖွင့်ခဲ့တယ်လို့ သိရပါတယ်။

မြောက်ကိုရီးယား စစ်သားတွေအနေနဲ့ သူတို့ခေါင်းဆောင်ရဲ့ ပြောဆိုမှုတွေအပေါ် သံသယဖြစ်စေအောင် ရည်ရွယ်ပြီး တောင်ကိုရီးယားက နယ်စပ်ဒေသမှာ ဝါဒဖြန့်ချိရေး အသံလွှင့် လော်စပီကာတွေ ဖွင့်ခဲ့တာဖြစ်ပြီး ၂၀၀၄ ခုနှစ်က မြောက်ကိုရီးယားနဲ့ တောင်ကိုရီးယား နိုင်ငံကြား ငြိမ်းချမ်းရေးဆွေးနွေးမှု အစိတ်အပိုင်းတစ်ရပ်အဖြစ် တောင်ကိုရီးယားဟာ နယ်စပ်ဒေသက အသံလွှင့် လော်စပီကာတွေကို ပိတ်ခဲ့ဖူးပါသေးတယ်။

Ref : South Korea turns off loudspeaker broadcasts into North

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top