လက်သည်းရှည်တွေ ဆုံးရှုံးလိုက်ရကြောင်း ထုတ်ပြောပြခဲ့တဲ့ ကမ္ဘာ့လက်သည်းအရှည်ဆုံးအမျိုးသမီး

worldenvday01.jpg

၁၉၇၉ ခုနှစ်ကတည်းက လက်သည်းတွေမညှပ်ပစ်ဘဲ လက်သည်းအရှည်ကြီးတွေ ပိုင်ဆိုင်ခဲ့ရတဲ့အတွက် ကမ္ဘာ့ဂင်းနစ်စံချိန်တင်ခဲ့တဲ့ အသက် (၇၉) နှစ်အရွယ် လီ ရက်တ်မွန် ဆိုတဲ့ အမျိုးသမီးကို သိကြမယ်ထင်ပါတယ်။ သူ့ရဲ့လက်သည်းတွေက (၈.၆၅) မီတာလောက်ရှည်ထားပါတယ်။ အရှည်ဆုံးလက်သည်းကတော့ (၉၀) စင်တီမီတာရှိတဲ့ ညာဘက်လက်မဖြစ်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ရက်တ်မွန်က လွန်ခဲ့တဲ့ (၁၀) နှစ်ကျော်က ကားမတော်တဆမှုမှာပါဝင်ခဲ့ပြီး ဝမ်းနည်းစွာနဲ့ပဲ ကမ္ဘာ့လက်သည်းအရှည်ဆုံးစံချိန်ကို စွန့်လွှတ်ခဲ့ရပါတယ်။

ခရီးသည်ထိုင်ခုံမှာ ထိုင်နေခဲ့တဲ့ ရက်တ်မွန်တ်က ကံကောင်းစွာနဲ့ပဲ အသက်အန္တရာယ်မရှိခဲ့ပေမယ့် သူ့ရဲ့စံချိန်တင်လက်သည်းတွေ ဆုံးရှုံးလိုက်ရပါတယ်။ အဲဒီအကြောင်းကို ရက်တ်မွန်တ်က သတင်းမီဒီယာတစ်ခုကို ပြန်ပြောပြခဲ့ပါတယ်။ “ကျွန်မ အရင်ဆုံးတွေ့လိုက်ရတာအရာက လက်ချောင်းတွေက လက်သည်းတွေပါပဲ။ ကျွန်မ ငိုခဲ့ရတယ်”လို့ ရက်တ်မွန်တ်က ပြောပါတယ်။ အဲဒီတုန်းက ရှိနေတဲ့သူတစ်ယောက်ကိုတောင် သူ့လက်သည်းတွေရဲ့အရေးပါမှုအကြောင်းပြောခဲ့ပြီး လက်သည်းအပိုင်းအစတွေကို သွားကောက်ပေးခဲ့ပါသေးတယ်လို့ ဆိုပါတယ်။ အခုဆိုရင် ရက်တ်မွန်တ်က ကမ္ဘာ့ဂင်းနစ်စ်မှတ်တမ်းရခဲ့တဲ့အချိန်တွေကို သတိရစေဖို့အတွက် သူ့လက်သည်းအပိုင်းအစတွေကို ပလတ်စတစ်အိတ်ထဲမှာ သိမ်းထားပါတယ်။ ဒါမှ သူ့ရဲ့အောင်မြင်မှုကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ ပြန်ကြည့်နိုင်မှာဖြစ်ပါတယ်။

“ကျွန်မ ဘယ်အရာကိုမှ မပြောင်းလဲနိုင်တဲ့အတွက် ကျွန်မ လက်ခံရမယ့်အရာပါပဲ။ အဲဒါကို ဆုံးရှုံးလိုက်ရတဲ့အတွက် ခံစားခဲ့ရပါတယ်”လို့ ရက်တ်မွန်တ်က ပြောပါတယ်။ ရက်တ်မွန်တ်က ကမ္ဘာ့လက်သည်းအရှည်ဆုံးစံချိန်ကို တင်နိုင်တုန်းဖြစ်ပေမယ့် အရင်မှတ်တမ်းကိုတော့ မရရှိတော့ပါဘူး။ အခုတော့ ကမ္ဘာ့လက်သည်းအရှည်ဆုံးဂင်းနစ်စ်စံချိန်ကို ပိုင်ဆိုင်ထားတာက အာရန်နာ ဝီလျံဖြစ်ပါတယ်။ “ကျွန်မရဲ့လက်သည်းတွေကို ဆုံးရှုံးလိုက်ရတာက ကျွန်မ့ဘဝမှာ ဖြစ်ပျက်ခဲ့တဲ့ ဝတ္ထုဇာတ်လမ်းဆန်တဲ့အရာပါပဲ။ ကျွန်မရဲ့မြေးတွေကပြောပါတယ်။ လက်သည်းတွေက အဘွားရဲ့ကလေးတွေလိုပါပဲ။ သူတို့ကို နှစ် (၃၀) လုံးလုံးစောင့်ရှောက်ခဲ့တယ်။ စက္ကန့်အနည်းငယ်မှာပဲ ဆုံးရှုံးလိုက်ရတယ်”လို့ ရက်တ်မွန်တ်က ပြောပါတယ်။

ရက်တ်မွန်တ်က သူ့ရဲ့လက်သည်းတွေကြောင့် ဂုဏ်ယူခဲ့ရတာပါ။ ဒါပေမဲ့ အခုတော့ သူ ဂုဏ်ယူရမယ့် လက်သည်းအရှည်ကြီးတွေ မရှိတော့ပါဘူး။ အိမ်သာအခန်းတွေကငယ်တဲ့အတွက် လေယာဉ်ပေါ်မှာ အိမ်သာသွားတာတွေလို လွယ်ကူတဲ့လုပ်ငန်းတာဝန်တွေက ခက်ခဲနိုင်ပါတယ်။ အချိန်အကြာကြီး လေယာဉ်စီးရဖို့ဆိုရင် (၁) ရက်လုံး မစားမသောက်ဘဲနေတယ်လို့ အရင်က ဝန်ခံခဲ့ဖူးပါတယ်။

Ref: Woman With Longest Nails In World Reveals How She Lost Them

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top