လက်ဖဝါးပေါ် တင်ထားနိုင်လောက်အောင် သေးငယ်တဲ့ ကမ္ဘာ့အရှားပါးဆုံး ယုန်မျိုးစိတ်

12-1-2023-yyl-97.jpg

ကမ္ဘာပေါ်မှာ အသေးဆုံးနဲ့ အရှားပါးဆုံး ယုန်မျိုးစိတ်ကတော့ အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်၊ ကိုလံဘီယာမြစ်ဝှမ်းဒေသမှာ ကျက်စားတဲ့ Columbia Basin Pigmy Rabbit ပါပဲ။ လက်ဖဝါးပေါ်မှာ တင်ထားနိုင်လောက်တဲ့ အရွယ်အစားရှိပြီး အလျား ၉.၃ လက်မကနေ ၁၁.၆ လက်မကြား၊ ခန္ဓာကိုယ်အလေးချိန်က ၃၇၅ ဂရမ်ကနေ ၅၀၀ ဂရမ်ကြားပဲ ရှိပါတယ်။ ယုန်အမတွေကတော့ ယုန်အထီးတွေထက် အနည်းငယ် ပိုကြီးထွားကြပါတယ်။

၂၀၀၁ ခုနှစ်က နောက်ဆုံးကျန်ရစ်တဲ့ Columbia Basin Pigmy Rabbit ယုန်မျိုးစိတ် ၁၄ ကောင်ကို မူလကျက်စားရာဌာနေကနေ သားဖောက်စီမံကိန်းအတွက် ရွှေ့ပြောင်းခေါ်ဆောင်ခဲ့ပေမဲ့ မျှော်မှန်းသလောက် သားဖောက်နိုင်ခဲ့ခြင်းမရှိပါဘူး။ ၂၀၀၈ ခုနှစ်မှာတော့ Columbia Basin Pigmy Rabbit ယုန်မျိုးစိတ်စစ်စစ် ယုန်ထီးလေး သေဆုံးသွားခဲ့ပါတယ်။ Columbia Basin Pigmy Rabbit ယုန်မျိုးစိတ်စစ်စစ် ပျောက်ကွယ်သွားပေမဲ့ သားရဲတိရစ္ဆာန် ထိန်းသိမ်းစောင့်ရှောက်သူတွေက Idaho pygmy rabbit ယုန်မျိုးစိတ်နဲ့ မျိုးစပ်ပြီး Columbia Basin Pigmy Rabbit ယုန်မျိုးစိတ် မပျောက်ကွယ်သွားအောင် ထိန်းသိမ်းနိုင်ခဲ့ပါတယ်။

Ref: The World’s Smallest Rabbit Breed Fits in the Palm of Your Hand

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top