ဒေါ်လာ ၃၀၀၀ အကုန်အကျခံပြီး ကွယ်လွန်သူဇနီးသည် အမှတ်တရ ပုံတူရုပ်တု ထုဆစ်ခဲ့သူ

12-1-2023-yyl-98.jpg

အိန္ဒိယအမျိုးသားတစ်ယောက်ဟာ ကွယ်လွန်သွားတဲ့ ဇနီးသည်ကို အောက်မေ့တသမှုအဖြစ် သူ့အိမ်မှာ ပုံတူရုပ်တုထုလုပ်ထားပါတယ်။ အငြိမ်းစား အစိုးရဝန်ထမ်းတစ်ဦးဖြစ်တဲ့ ဆန်ဒီလာဟာ ၃၉ နှစ်ကြာ ပေါင်းသင်းလာတဲ့ ဇနီးဖြစ်သူကို ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ဆုံးရှုံးခဲ့ရတာပါ။

ကိုဗစ်-၁၉ ကြောင့် နောက်ဆုံးအချိန်မှာ ဇနီးသည် အင်ဒြာနီ ဘေးနား အတူရှိခွင့်မရှိခဲ့တဲ့ ဆန်ဒီလာဟာ ဇနီးသည်ရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးတဲ့အနေနဲ့ အမေရိကန်ဒေါ်လာ ၃၀၀၀ (မြန်မာငွေ သိန်း ၇၀ ဝန်းကျင်)အကုန်အကျခံကာ ၆ လအချိန်ယူပြီး ပုံတူရုပ်တု ထုခဲ့တာပါ။ ပန်းပုဆရာကလည်း အင်ဒြာနီရဲ့ မျက်နှာအမူအရာနဲ့ ချွတ်စွပ်တူစေဖို့အတွက် ဆန်ဒီလာ ပြောတဲ့အတိုင်း အသေးစိတ်ပုံဖော်ထုဆစ်ပေးခဲ့တာပါတယ်။

အစောပိုင်းမှာ ဆန်ဒီလာရဲ့ မိသားစုဝင်တွေက ကွယ်လွန်သွားသူရုပ်တုကို အိမ်မှာထားမယ့်ကိစ္စအပေါ် ကန့်ကွက်ခဲ့ကြပေမဲ့ ဆန်ဒီလာရဲ့ ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကို မလွန်ဆန်နိုင်လို့ လက်လျှော့ခဲ့ရပါတယ်။ အလေးချိန် ၃၀ ကီလိုဂရမ်လေးတဲ့ အန်ဒြာနီရဲ့ ရုပ်တုကို ဆာရီဝတ်ပေးလိုက်ချိန်မှာတော့ လူအစစ်လား အထင်မှားလောက်အောင် အသက်ဝင်တာ တွေ့ရပါတယ်။

Ref: Man Lives with 30-Kg Life-Size Silicone Model of Dead Wife

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top