ကမ္ဘာ့အရပ်ရှည်ဆုံးခွေးလေး အသက် ၃ နှစ်မှာ သေဆုံး

14.9.23-yyl-1.jpg

ကမ္ဘာ့ဂင်းနက်စ်စံချိန်မှတ်တမ်းက တရားဝင်သတ်မှတ်ထားတဲ့ ကမ္ဘာ့အရပ်ရှည်ဆုံးခွေးလေး ဇုစ်ဟာ အသက် ၃ နှစ်မှာ သေဆုံးသွားခဲ့ပါပြီ။ ဇုစ်က သူ့ရဲ့ခွေးမျိုးစိတ်မှာတောင် မယုံနိုင်လောက်အောင် ကြီးမားပါတယ်။ သူက အရိုးကင်ဆာရောဂါခံစားခဲ့ရပြီး သူ့ခြေထောက်ကို ဖြတ်ပစ်ဖို့ဖြစ်လာခဲ့ပါတယ်။

သူ့သခင်မိသားစုက သူ့ရဲ့ရောဂါကို ပျောက်အောင်ကုသပေးမယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ GoFundMe ပေ့ချ်ကို ထောင်ခဲ့ပါတယ်။ အခုလအစောပိုင်းမှာ ခွဲစိတ်ကုသမှုခံယူခဲ့ပေမဲ့ ခွဲစိတ်ဆရာဝန်က ပိုကောင်းမလာနိုင်ဘူးလို့တော့ ပြောပါတယ်။ ခွဲစိတ်ကုသပြီး ရက်အနည်းငယ်အကြာမှာ ဇုစ်ဟာ အစာမစားချင်တာ၊ ပိုပြီး လေးလံထိုင်းမှိုင်းနေတာ၊ အဖျားနည်းနည်းတတ်တာ၊ နှုတ်ခမ်းတစ်ဝိုက် အပြာရောင်တွေဖြစ်လာခဲ့ပါတယ်။

ဓာတ်မှန်ရိုက်ကြည့်တော့ သူ့အဆုတ်ထဲ အရည်တွေနဲ့ ဘတ်တီးရီးယားတွေရှိနေတဲ့ Aspiration Pneumonia ရှိနေတာကို တွေ့ရှိခဲ့ရပါတယ်။ ဇုစ် မြန်မြန်သက်သာလာအောင် ဆုတောင်းပေးကြဖို့ လူမှုကွန်ယက်အသုံးပြုသူတွေကို သူ့သခင်တွေက တောင်းဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ စိတ်မကောင်းစွာနဲ့ ဒီအဆုတ်ရောင်ရောဂါကို ဇုစ် မတွန်းလှန်နိုင်တော့ဘဲ သေဆုံးသွားခဲ့ပါတယ်။

ဇုစ်က ၂၀၂၂ ခုနှစ်မှာ ကမ္ဘာ့အရပ်ရှည်ဆုံးခွေးအဖြစ် သတ်မှတ်ခံခဲ့ရတာပါ။ တရားဝင်အရပ်တိုင်းတာတဲ့အချိန်တုန်းက သူဟာ ၃ ပေ ၅.၁၈ လက်မရှိခဲ့တာပါ။

Ref: The world’s tallest dog has died at the age of three

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top