VMAs ဆုပေးပွဲမှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်ဆုအပါအဝင် ဆု ၉ ဆုကို ဆွတ်ခူးခဲ့တဲ့ တေလာဆွစ်ဖ်

12.9.23-yyl-13.jpg

ကမ္ဘာကျော်ပေါ့ပ်စူပါစတား တေလာဆွစ်ဖ်ဟာ စက်တင်ဘာ ၁၂ ရက်နေ့မှာ ကျင်းပပြုလုပ်တဲ့ MTV ရဲ့ Video Music Awards မှာ တစ်နှစ်တာအကောင်းဆုံးအဆိုရှင်၊ တစ်နှစ်တာအကောင်းဆုံးဗီဒီယို၊ တစ်နှစ်တာအကောင်းဆုံးသီချင်းဆုအပါအဝင် ဆုကြီး ၉ ဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။ သူ့ရဲ့နာမည်ကြီးသီချင်း Anti-Hero နဲ့ ဆုအများဆုံးဆွတ်ခူးခဲ့တာပါ။

Anti- Hero နဲ့ ဆုရရှိခဲ့တာနဲ့ပတ်သက်ပြီး တေလာဆွစ်က စင်မြင့်ထက်မှာ ဆုကို ကိုင်ရင်း အခုလို ပြောကြားခဲ့ပါတယ်။ “ဒါက မယုံကြည်နိုင်လောက်အောင်ပါပဲ။ ပရိသတ်မဲပေးတဲ့ဆုဆိုတဲ့ အချက်က ကျွန်မအတွက် အရမ်းအဓိပ္ပာယ်ရှိပါတယ်”တဲ့။

တေလာဆွစ်ဖ် ဆွတ်ခူးသွားခဲ့ဆု (၉) ဆုကတော့
၁ Video of the year (“Anti-Hero”)
၂ Artist of the year
၃ Song of the year (“Anti-Hero”)
၄ Best pop (“Anti-Hero”)
၅ Best direction (“Anti-Hero”)
၆ Best cinematography (“Anti-Hero”)
၇ Best visual effects (“Anti-Hero”)
၈ Show of the summer
၉ Album of the year (“Midnights”) တို့ပါပဲ။

Anti-Hero သီချင်းဟာ တေလာဆွစ်ဖ်ရဲ့ “Midnights” သီချင်းအယ်လ်ဘမ်ထဲက သီချင်းတစ်ပုဒ်ပါ။

Ref: Here are the 9 VMAs categories Taylor Swift won

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top