၁၆ လမ်းသွားနိုင်တဲ့ ကမ္ဘာ့အကျယ်ဆုံး လမ်းမကြီး

10.6.2024-yyl-3.jpg

ကမ္ဘာ့အကျယ်ဆုံး လမ်းမကြီးအဖြစ် ဂင်းနက်စ်စံချိန် တင်ထားတာကတော့ အာဂျင်တီးနားနိုင်ငံ မြို့တော် ဗျူနိုအေရိစ်မြို့မှာရှိတဲ့ Avenida 9 de Julio လမ်းမကြီးပါပဲ။ ဒီလမ်းမကြီးရဲ့ အကျယ်အဝန်းက မီတာ ၁၄၀ လောက်ရှိပြီး ၁၆ လမ်းသွားဖြစ်လို့ လမ်းကူးဖို့တော့ တော်တော်ခက်ခဲမှာပါ။

အာဂျင်တီးနားနိုင်ငံမြို့တော် ဗျူနိုအေရိစ်ကို တောင်အမေရိကရဲ့ ပဲရစ်လို့ တင်စားခဲ့ကြတဲ့ကာလမှာ မြို့ခံအာဏာပိုင်တွေက ပဲရစ်မြို့က Champs Elysee လမ်းမကြီးလို လမ်းတစ်ခု ဖောက်လုပ်ဖို့ အကြံရခဲ့ပါတယ်။ သူတို့က Champs Elysee လမ်းမကြီးထက် ပိုကြီးကျယ် ခမ်းနားအောင် ဖောက်လုပ်ဖို့ စီစဉ်ခဲ့ရာကနေ Avenida 9 de Julio လမ်းမကျယ်ကြီး ဖြစ်ပေါ်လာခဲ့တာပါ။

ဒါပေမဲ့ အလွယ်တကူ ဖြစ်ပေါ်လာတာတော့ မဟုတ်ပါဘူး။ အလွန်ကြီးမားတဲ့ စီမံကိန်းဖြစ်လို့ နှစ် ၅၀ နီးပါး အချိန်ယူခဲ့ရပြီး ၁၉၈၀ ပြည့်နှစ်မှာ ပြီးမြောက်ခဲ့တာပါ။ အဲဒီအချိန်ကစပြီး အခုအချိန်အထိ Avenida 9 de Julio လမ်းမကြီးဟာ ကမ္ဘာ့အကျယ်ဆုံး လမ်းမကြီးအဖြစ် ကမ္ဘာ့စံချိန် တင်နေဆဲပါပဲ။

Ref: The World’s Widest Avenue Has 16 Lanes, Takes an Eternity to Cross

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top