ကိုယ်တွင်းအင်္ဂါ အများဆုံးလှူဒါန်းသူအဖြစ် စံချိန်တင်ခဲ့တဲ့ မိန်းကလေး

97704553_jemimalayzellandsisteramelia.jpg

အသက် ၁၃ နှစ်အရွယ် ဂျီမီမာ လေဇဲလ် (Jemima Layzell) ဆိုသူ ကောင်မလေးတစ်ဦးဟာ ဦးနှောက်သွေးကြော ဖောင်းပွတဲ့ ဝေဒနာကို ခံစားနေရသူတစ်ယောက် ဖြစ်တဲ့အတွက် လူပေါင်း ၈ ယောက်တိတိကို ကိုယ်တွင်းအင်္ဂါများ စံချိန်တင် လှူဒါန်းခဲ့ပါတယ်။ လေဇဲလ် လှူဒါန်းခဲ့တဲ့  သူတွေထဲမှာ ကလေး ၅ ယောက်နဲ့ လူကြီး ၃ ယောက်တိတိ ပါဝင်ခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ ဆမ်မားဆက်  စီရင်စု (Somerset county)  မှာနေထိုင်တဲ့ လေဇဲလ်ဟာ ၂၀၁၂ ခုနှစ်မှာကတည်းက ဆုံးပါးသွားခဲ့တာဖြစ်ပြီး သူမရဲ့ နှလုံး၊ ပန်ကရိယ၊ အဆုတ်၊ ကျောက်ကပ်၊  အသည်းနဲ့ အူသိမ် အူမတို့ကို လှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

သူမ လှူဒါန်းထားခဲ့တဲ့ ကိုယ်တွင်းအင်္ဂါတွေကို အခုချိန်မှာ အလှူခံသူတွေ ပေါ်ပေါက်လာခဲ့ပြီးနောက်မှာ လေဇဲလ်ဟာ ကိုယ်တွင်းအင်္ဂါ အများဆုံး လှူဒါန်းခဲ့သူအဖြစ် စံချိန်တင်ခဲ့တာလည်း ဖြစ်ပါတယ်။ လေဇဲလ်ရဲ့ နှလုံး၊ ပန်ကရိယနဲ့ အူသိမ်တို့ကို လူ ၃ ယောက်က သီးခြားစီ လက်ခံရရှိခဲ့ပြီး အခြား လူနာ ၂ ယောက်ကတော့ သူမရဲ့ ကျောက်ကပ်ကို လက်ခံရရှိခဲ့ပါတယ်။ အသည်းကိုတော့ လူ ၂ ယောက်သို့ ခွဲဝေပေးခဲ့ပြီး အဆုတ်ကိုတော့ လူနာတစ်ယောက်က လက်ခံရရှိခဲ့တာ ဖြစ်ပါတယ်။ အင်္ဂလန်အမျိုးသား ကျန်းမာရေးအဖွဲ့အစည်း (NHS) ကတော့ ကိုယ်တွင်းအင်္ဂါ လှူဒါန်းခဲ့တဲ့ ဖြစ်ရပ်တွေထဲမှာ အများဆုံး အင်္ဂါ ၂ ခုကျော်ကျော်ကိုသာ လှူဒါန်းခဲ့တဲ့ ဖြစ်ရပ်သာရှိပြီး ၈  ခုတောင် လှူဒါန်းတဲ့ ဖြစ်ရပ်ဆိုတာ ရှားရှားပါးပါးဖြစ်ရပ်တစ်ခုပါ လို့ဆိုခဲ့ပါတယ်။

လေဇဲလ်ရှိ မိဘ နှစ်ပါးဖြစ်သူ ဆိုဖီလေဇဲလ် နဲ့ ဟာဗေးလေဇဲလ် တို့ကတော့ မိဘတိုင်းဟာ သူတို့ရဲ့ သားသမီးကို ထူးခြားစေချင်တဲ့အတွက် အခုလို လေဇဲလ်တစ်ယောက် ထူးထူးခြားခြား လူအများကို အသက်ကယ်ပေးနိုင်ခဲ့တာကို အရမ်းဂုဏ်ယူပါတယ် လို့ပြောဆိုခဲ့ပါတယ်။

အင်္ဂလန်အမျိုးသား ကျန်းမာရေး အဖွဲ့အစည်း (NHS) ၊ သွေးနဲ့ ကိုယ်တွင်းအင်္ဂါ အစားထိုးကုသရေးအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ လှူဒါန်းမယ့်သူမရှိတဲ့အတွက် တစ်နှစ်ကို လူနာပေါင်း ရာကျော် သေဆုံးနေရတယ်လို့ သိရပါတယ်။ မနှစ်ကဆိုလည်း ကိုယ်တွင်းအင်္ဂါ အလှူလက်ခံရဖို့အတွက် စောင့်ရင်း ကလေး ၁၄ ယောက်အပါအဝင် လူနာပေါင်း ၄၅၇ ယောက် သေဆုံးခဲ့ပါသေးတယ်။ လက်ရှိအင်္ဂလန်နိုင်ငံ တစ်နိုင်ငံတည်းမှာကို ကလေးလူနာ ၁၇၆ ယောက်အပါအဝင် လူနာပေါင်း ၆၄၁၄ ယောက်ဟာ ကိုယ်တွင်း အင်္ဂါ အလှူရှင်များကို စောင့်ဆိုင်းနေကြဆဲဖြစ်ပါတယ်။

Ref : BBC News : Girl’s donated organs help a record eight people

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top