အားလုံးပါ၀င်သော လူမှုအဖွဲ့အစည်း တည်ဆောက်နိုင်ရေးနည်းလမ်း (၅)သွယ်

crop-doctor-helping-senior-man-with-walker-A5DT432.jpg

လူ့အသိုင်းအ၀ိုင်းက လူတန်းစားအလွှာပေါင်းစုံနဲ့ ပါ၀င်တည်ဆောက်ထားတဲ့အ တွက် ကြောင့် ထိုများစွာသော လူတန်းစားအလွှာအသီးသီးရဲ့ဘုံလိုအပ် ချက် ကိုဖြည့်ဆည်းပေးဖို့ သက်ဆိုင်ရာ၌ တာ၀န်ရှိတယ်လို့မြင်မိပါတယ်။ လူတန်းစား အလွှာ အသီးသီးဟုဆိုရာတွင် ဆင်းရဲချမ်းသာမရွေး၊ ပြည့်စုံ မပြည့်စုံ၊ သန်စွမ်း မသန်းစွမ်း ဆိုတဲ့ အလွှာများ တစ်ခုမကျန် အားလုံးပါ၀င်ကြပါတယ်။ အားလုံးပါ၀င်တဲ့ လူ့အဖွဲ့အစည်း တည်ဆောက်နိုင်ဖို့ ခိုင်မာတဲ့ မူ၀ါဒများ ချတ်မှတ်ထားရှိရေးနဲ့ လက်တွေ့ ကျင့်သုံး နိုင်ရေးတို့ သည် အရေးကြီးတဲ့ အခန်းကဏ္ဍ၌ပါ၀င်နေပါတယ်။ ထိုအားလုံးပါ၀င်တဲ့ လူ့ဘောင်တည်ဆောက်ဖို့ ဘာတွေလိုအပ်သလဲ ဆိုတာကို အောက်ပါနည်းလမ်း (၅) သွယ် ဖြင့် ရှင်းလင်းပေးသွားမှာဖြစ်ပါတယ်။

၁။ မသန်စွမ်းသူအားလုံးပါ၀င်တဲ့ ကျောင်းစာသင်ခန်းများဖော်ဆောင်ရေး

သန်စွမ်းသူများအတွက် ကျောင်းများရှိကြသလို မသန်းစွမ်းသော လူများအတွက် လည်းထိုသို့သော မသန်းစွမ်းဗဟိုပြု ကျောင်းများဖွင့်လှစ်နိုင်ပါက ပိုမိုကောင်းမွန်ပါ တယ်။ သို့သော်နေရပ် ဒေသ ကိုလိုက်၍ ထိုသို့သောကျောင်းများ တည်ထောင်ဖို့ အကူညီများ လိုအပ်လျှက်ရှိပါတယ်။ မည်သို့ဆိုစေ မသန်စွမ်းသူများပါ၀င်တဲ့ ကျောင်းစာသင်ခန်းများ ပိုမိုဖွင့်လှစ်နိုင်ဖို့ အစိုးရနဲ့ သက်ဆိုင်ရာဌာနများတွင် တာ၀န်ရှိပါ တယ်။ သိုမှသာ ထိုကလေးများ ကာယ၊ ဥာဏများဖွံ့ဖြိုးတိုး တက် လာနိုင်မှာ ဖြစ် တယ်။ ထို (မသန်စွမ်း) အားလုံးပါ၀င်တဲ့ စာသင်ခန်းများတွင် ဆရာ၊ဆရာမ အနေနဲ့ ဖြစ်တည်မှုမတူကြတဲ့ ကလေးများပါ၀င်ကြတာကို အမြဲသတိရှိနေရမှာ ဖြစ်တယ်။ မိမိအနေနဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာအခက်အခဲရှိတဲ့ ကလေးများ ကိုကိုယ်တွယ်ရာတွင် သင်ကြားပို့ချနည်း ပုံသေ တစ်ခု တင်မကပဲ ထိုကလေး များအားလုံးအတွက် အနာနဲ့ ဆေး ကိုက်အောင် သင်ကြား ပေးရမှာဖြစ်တယ်။

ဥပမာ စာသင်ကြားရာတွင် ပြုလုပ်မယ့် လုပ်ငန်းစဥ်များကို ကလေးများအား ရှင်းပြခြင်း၊ ဖြစ်နိုင်ရင် အားလုံးမြင်နိုင်အောင် (ကဒ်ထူပေါ်တွင်) ရေးသားထားခြင်း၊ ရှင်းလင်းပြတ်သားပြီး အားလုံးကြားနိုင်တဲ့ အသံအနေအထားရှိခြင်း၊ လုံလောက် တဲ့ သင်ထောက် ကူပစ္စည်းများပါ၀င်စေခြင်း၊ ကလေးများကို မေးခွန်းများ မေးခြင်း အလေ့အထများ လုပ်ဆောင်ပေးနိုင်ပါသေးတယ်။ သင်ခန်းစာနားလည်မှုဆိုင်ရာ စစ်ဆေးရာ တွင်လည်း သူတို့ရဲ့ ကိုယ်ပိုင်စကားလုံးများဖြင့် ရှင်းလင်းချက်များကို ရယူနိုင်ပါ တယ်။

ဒါ့အပြင် စာသင်ခန်းတွင် မတူကွဲပြားတဲ့ မသန်စွမ်းမှုရှိနေတဲ့ ကလေးများအနေနဲ့ ယင်းတို့ရဲ့အားနည်းချက် အားသာချက်များကိုလိုက်ပြီး သူတို့အချင်းချင်း ကူညီနိုင်ပါ သေးတယ်။ ဥပမာအကြားအာရုံကောင်းစွ ာမရတဲ့ ကလေးတစ်ယောက်ကို အခြား ကောင်းတဲ့ ကလေးတစ်ယောက် က သင်ခန်းစာများ ၀ိုင်းကူရေးပေးတာ၊ အမြင် အာရုံကောင်းစွာ မရတဲ့ ကလေးကို စာသင်ခန်းအရှေ့ဆုံး (ကျောက်သင်ပုန်း) နဲ့နီးရာ မှာထိုင်စေတာ၊ ဆက်လက်ပြီး စာသင် ခန်းအတွင်း နေရာထိုင်ခင်း အစီအစဥ် များကိုလည်း ကလေး များရဲ့ မသန်စွမ်းမှု အတိုင်းအတာ ပေါ်မူတည်ပြီး စီစဥ်ပေး သင့်ပါတယ်။

၂။လက်လှမ်းမီသော လူမှုအဖွဲ့အစည်းများအဖြစ် ဖန်တီးရန်

လူ့သဘာ၀အရ အသက်ကြီးလာတာနဲ့အမျှ အနည်းနဲ့အများ ရွေ့လျားသွား လာမှုပိုင်း၊ အမြင်နဲ့အကြား အာရုံရရှိမှုပိုင်းဆိုင်ရာများတွင် အခက်အခဲ များရှိလာ တာနဲ့အညီ ထိုသူများအတွက် အဖက်ဖက်က လက်လှမ်းမီ သော လူမှု အဖွဲ့အစည်း တစ်ရပ်ဖြစ်လာဖို့လိုအပ်ပါတယ်။ နေ့စဥ်နဲ့ အမျှအများပြည်သူနဲ့ ဆိုင်တဲ့ နေရာများ၊ အဆောက်အအုံများ တည်ဆောက်နေကြပါတယ်။ သို့ရာတွင် ထိုတည်ဆောက် သော အဆောက်အအုံများ နဲ့ နေရာဌာနများ တွင် အားလုံးအတွက် လက်လှမ်းမီပြီး အဟန့်အတားကင်းတဲ့ ၀န်ဆောင်မှုများ ပါ၀င်ထည့်တွက် ရန်လိုအပ်ပါတယ်။

အားလုံးတန်းတူ ရရှိနိုင်တဲ့ ၀န်ဆောင်မှုများပါ၀င်တဲ့ အခြေအနေများကို ဖန်တီး ပေးဖို့ အချိန်ရောက်နေပါပြီး။ သာဓကအားဖြင့် အဆောက်အအုံ အ၀င်အထွက်များ တွင် လှေကားထစ်များအပြင် ဆင်ခြေလျှောများထည့်၀င်တည်ဆောက်ထားခြင်း၊ ယာဥ်ရပ်စခန်းများနဲ့ အများပြည်သူများနဲ့ ဆိုင်တဲ့ နေရာများတွင် မသန်စွမ်းသူများ အတွက် လက်လှမ်း မီတဲ့ ၀န်ဆောင်မှုများကိုပါ ထည့်သွင်းပေးရမည့် အချိန်ဖြစ်ပါ တယ်။ သန်စွမ်းသော်လည်းကောင်း မသန်စွမ်းသော်လည်းကောင်း အားလုံး တူညီခံစားနိုင်တဲ့ ပတ်၀န်းကျင်တစ်ရပ်ဖြစ်လာဖို့ သက်ဆိုင်ရာဌာနများအနေနဲ့ အမြန်ဆုံး အလေးထား ဆောင်ရွက်သင့်ပါတယ်။

နောက်ထပ်ဥပမာများဖြင့် ပေးရ လျှင် အိမ်နီးချင်း ထိုင်းနိုင်ငံရှိ ရုံးများ၊ ဆေးရုံများ၊ ဓာတ်ဆီဆိုင်များ နဲ့ အများပြည် သူနဲ့ဆိုင်တဲ့ နေရာများတွင် မသန်စွမ်းသူများ အတွက် ဆင်ခြေလျှောများထားရှိမှု၊ အိမ်သာများ နဲ့ သီးသန့် ယာဥ်ရပ်နားသည့်နေရာများကို ထည့်သွင်း တည်ဆောက် ထား သည်ကိုတွေ့နိုင်ပါ တယ်။ ဒါ့အပြင် အခြားဖွံ့ဖြိုးတိုး တက်ပြီးသောနိုင်ငံများ တွင်လည်း ထိုသို့သော မသန်စွမ်း သူများအတွက်လက်လှမ်းမီတဲ့ ၀န်ဆောင်မှုများ ကို ထားရှိပေးထား တာကို လည်းမြင်တွေ့နိုင်ပါတယ်။

၃။ အားလုံးပါ၀င်နိုင်တဲ့ လုပ်ငန်းခွင်ဖော်ဆောင်ရေး

အချို့သောအလုပ်ရှင်တွေက မသန်စွမ်းသူများကို အလုပ်ခန့်ဖို့ ၀န်လေးတွန့်ဆုတ်နေ တတ်ကြတယ်။ အကြောင်းမှာ သူတို့အတွက် လက်လှမ်းမီတဲ့ လုပ်ငန်းခွင် ဖန်းတီးဖို့ ငွေကြေးများ ပို့ကုန်ကြမယ်လို့ထင်ကြတယ်။ ဒီလိုတွေးတော ပူပန်နေခြင်းက သဘာ၀ သိပ်မကျပါဘူး။ ဘာကြောင့်လဲဆိုတော့ မသန်စွမ်းသူတွေအတွက် လုပ်ငန်းခွင် ဖန်တီးရာတွင် များစွာကုန်ကျမှု ရှိဖို့မလိုပါ။ အမှန်မှာ အဓိကအားဖြင့် အလုပ်ခွင် (သို့) ရုံးခန်းများကို ကျယ်၀န်းမှုရှိအောင်ထားခြင်း၊ အလင်းမီးသီးများ အမြင့်၌ လွတ်လပ်စွာချိတ်ဆွဲထားခြင်း၊ ရုံးစားပွဲများ တစ်လုံးနဲ့တစ်လုံး အကွာအ​​ေ၀းချဲ့ထားခြင်း၊ သတိပေးစာများ (သို့) ဆိုင်းဘုတ်များ ကို စားလုံးဆိုဒ်ကြီးများဖြင့် ကပ်ထားပေးခြင်း စသည့် ပြုပြင်ပြောင်းလဲမှုများကို လုပ်ဆောင်ပေးသင့်ပါတယ်။ အကောင်းဆုံးနည်းလမ်းကတော့ မိမိတို့ရဲ့ မသန်စွမ်းသူ ၀န်ထမ်းများအား သူတို့ရဲ့ လိုအပ်ချက်ကိုမေးမြန်းပြီး ပြင်ဆင်သင့်သည့်အရာများကို ပြင်ဆင်ကာ ပံ့ပိုးပေး ထားရပါမယ်။ နောက်ထပ်ဖြစ်နိုင်ပါကလဲ မိမိတို့ အလုပ်ရှင်များအနေနဲ့ထိုသို့သော ပံ့ပိုးပေးမှုများလုပ်ရန် အစိုးရဆီ၌ ရရှိနိုင်မည့်အစီစဥ်ရှိပါက ရန်ပုံငွေများတောင်း ခံနိုင်ပါတယ်။

တစ်ချို့သော အလုပ်ရှင်များကလည်း မသန်စွမ်းသူများကို အလုပ်ခန့်အပ်လျှင် သာမန်အလုပ်သမားများထက် အကျိုးဖြစ်ထွန်းမှု မရှိနိုင်ဟုထင်တတ်ကြတယ်။ အလုပ်ရှင်များအနေနဲ့
မည်သို့သေ ာမသန်စွမ်းမှုများရှိပါစေ ထိုသူများကို ယင်းတို့ လုပ်နိုင်တဲ့ အရည်အချင်းများရှိပါက အလုပ်ခန့်အပ်သင့်ပါတယ်။ အရေးကြီး သည်မှာ မသန်စွမ်းသူများအား လုပ်နိုင် မနိုင်မှုအပေါ် ပုံသေအမြင်များနဲ့ မထင်မြင်သင့်ပဲ မှန်ကန်တဲ့ နည်းလမ်းများနဲ့ သာ လက်တွဲခေါ်ယူသင့်ပါတယ်။

၄။ မသန်စွမ်းသူများအား စီးပွားရေး၊ နိုင်ငံရေး၊ သတင်းနဲ့ မီဒီယာလုပ်ငန်းများ၌ ခေါင်းဆောင်မှုနေရာပေးရေး

ရုပ်ရှင်နဲ့ သတင်းမီဒီယာလောက အနေနဲ့ မသန်စွမ်းသူများ အပေါ်အာရုံစိုက် လာခဲ့ကြတာဆိုရင် ဆယ်စုနှစ်ပေါင်းများစွာ ရှိခဲ့ပြီးဖြစ်တယ်။ သမိုင်းနဲ့ လက်ရှိကာ လမှာလဲ မသန်စွမ်းမှုများအကြောင်းကို ရုပ်ရှင်အကျော်အမော်များက သရုပ် ဆောင်ခဲ့ဖူးကြတာကိုမြင်နိုင်ပါတယ်။ တကယ်တော့ သူတို့မှာ ဘာမှ မသန်စွမ်းမှု မရှိခဲ့ကြပါ။ ထိုသို့သော အငှား သရုပ်ဆောင်များထက် အမှန်တကယ် မသန်စွမ်းမှုရှိကြပြီး ရုပ်ရှင်၀ါသနာပါတဲ့ မသန်စွမ်းများကို သင့်တင့်လျောက်ပတ်တဲ့ ဇာတ်ကောင်နေရာများ ပေးသင့်ပါတယ်။ ဆက်လက်ပြီး အစိုးရပိုင်းဆိုင်ရာ ဌာနများနဲ့ ဆက်စပ်တဲ့ လုပ်ငန်းများမှာလည်း မသန်စွမ်းသူ ကိုယ်စားလှယ်များမရှိသလောက်ပါပဲ။သူတို့ကို ပိုမိုနေရာ ပေး သင့်ပါပြီး။

ကနေဒါနိုင်ငံရဲ့ အစိုးရလုပ်ငန်းများ၌မသန်စွမ်းလုပ်သား သုတေ သနစစ်တမ်း တစ်ခုမှာဆိုရင် ပါ၀င်ဖြေဆိုသူ အစိုးရ၀န် ထမ်း ၂၀၈၄ ဦးမှာ လူ ၂၀ ဦးလောက်သာ မသန်စွမ်းဖြစ်လို့ ၀.၀၁% နှုန်းပဲ ရှိပါတယ်။ဒါဟာ အလွန်နည်းပါး ပါတယ်။ ဒီလိုပဲ အခြားနိုင်ငံတွေမှာလည်း ထိုလုပ်ငန်းများတွင် မသန်စွမ်း ရာခိုင်နှုန်းနည်းပါးနိုင်တာကိုခန့်မှန်းနိုင်ပါတယ်။ စီးပွားရေးလုပ်ငန်းများ၌လည်း မသန်စွမ်းသူများပါ၀င်လုပ်ကိုင်ခြင်းဖြင့် လူအများရဲ့ တစ်ထစ်ချလက်ခံထားတဲ့ ယုံကြည်မှုတွေကို ပြောင်းလဲစေနိုင်မှာဖြစ်တယ်။ သာဓကအားဖြင့် Ernst & Young အဖွဲ့ကိုပြချင်ပါတယ်။ ဒီအဖွဲရဲ့ တည်ထောင်သူ Arthur Youngဆိုရင်ရှေ့နေတစ်ယောက်ဖြစ်တယ်။

သူအနေနဲ့ အကြားအာ ရုံချို့တဲ့ သူဖြစ်ပြီး အမြင်အာရုံကိုလည်း ကောင်းစွာမရလို့ သူ့ရဲလုပ်ငန်းတွေကို ကောင်း မွန် စွာမလုပ်နိုင်ခဲ့ဘူး။ ဒီလိုနဲ့ သူဘာဆက်လုပ်ခဲ့လဲ ထင်သလဲ။ သူအနေနဲ့ အလုပ်ပြောင်းပြီး Ernst & Young ဆိုတဲ့ ငွေကြေးနဲ့ စာရင်းအင်း လုပ်ငန်း ကုမ္ပဏီကို ထူထောင်ခဲ့တယ်။ ဒီလိုကြည့်ခြင်းအားဖြင့် Young ရဲ့ မပြည့်စုံမှုက သူ့ကို ကောင်းမွန်တဲ့ အနာဂတ်ဆီရောက်အောင် တွန်းပို့ပေးခဲ့တယ်။ အခုဆိုရင် သူ့အနေနဲ့ ထိုကြီးမားတဲ့ ၀န်ဆောင်မှုလုပ်ငန်းတစ်ခုကို လုပ်ကိုင်လျှက်ရှိပြီး နယ်ပယ်ပေါင်း စုံက မတူကွဲပြားတဲ့ အရည်အချင်းရှိသူတွေနဲ့ ပူပေါင်းလုပ်ကိုင် နေပါတယ်။ သူ့အ နေနဲ့လည်း မသန်စွမ်းသူများအပါအ၀င် မတူကွဲပြားတဲ့ လူများရဲ့ အခွင့်အရေး များ ပညာပေးမှုများလည်း လက်လှမ်းမီသလောက် လုပ်ဆောင်ပေးနေပါတယ်။

၅။ မိမိနေထိုင်ရာ ပတ်၀န်းကျင်ရှိ မသန်စွမ်းသူများနဲ့ တက်ကြွစွာ ထိတွေ့ဆက် ဆံမှု အရှိန်မြင့်ပါ။

အားလုံးပါ၀င်ပြီးလက်လှမ်းမီတဲ့ အသိုက်အ၀န်း တည်ဆောက်ရာ၌အကျိုးဖြစ် ထွန်းမှု များရှိပါတယ်။ ထိုအားလုံးပါ၀င်တဲ့ ပတ်၀န်းကျင်တည်ဆောက်ဖို့ဆိုရင် မိမိနေထိုင်ရာ ပတ်၀န်းကျင်ရှိလူများကို အရင်ဆုံးသိရှိရပါမယ်။ ဒီလိုစတင်ဖို့ ရပ်ရွာရှိကလေးများနဲ့ ထိတွေ့ဆက်ဆံမှု ပြုရပါမယ်။ ကလေးများကို မိမိတို့ဘေး ကလူများနဲ့ တန်းတူ ကစားကြဖို့ အချင်းချင်း သင်ယူကြဖို့ တိုက်တွန်း အားပေး သင့်ပါတယ်။ တစ်စုံတစ်ယောက်မှာ ရွေ့လျားသွား လာမှုမလုပ်နိုင်တဲ့ အတွက်နဲ့ ထိုလူကို ပြစ်ပယ်ခြင်းမပြုသင့်ပဲ လက်တွဲခေါ်ယူ ဆက်ဆံမှု နဲ့ မိတ်ဖွဲ့ခြင်းများ လုပ်ဆောင်ခြင်းကို လည်းထိခိုက်မှုမရှိစေသင့်ပါ။ မိမိတို့ လူမှုပတ်၀န်းကျင်နဲ့ လုပ်ငန်းခွင်များတွင် လူကြီးများအနေနဲ့လည်း မိမိရပ်ကွက် အတွင်းရှိ မသန်စွမ်းသူ အိမ်နီးနားချင်းများနဲ့ ထိတွေ့
ဆက်ဆံမှုပြု လုပ်သင့်ပါတယ်။

ထိုသူတို့ဆီ၌ ပတ်၀န်းကျင်တွင် ပြောင်းလဲသင့်တဲ့ အရာများကို မေးပါ။ ထို့နောက် မသန်စွမ်းသူအသိုက်အ၀န်းအတွက် လိုအပ်တဲ့ နေရာထိုင်ခင်း များ၊ လုပ်ငန်းခွင်များ ကို မည်သို့လက်လှမ်းမီအောင် လုပ်ဆောင်သင့်သလဲဆို တာကို ၀ိုင်း၀န်းအဖြေရှာပေးသင့်ပါတယ်။ မသန်စွမ်းသူများကို တတ်နိုင်တဲ့နည်းနဲ့ လက်တွဲခေါ်ဖို့အချိန် တန်ပြီးလို့မြင်မိပါ တယ်။ သာမန်ရိုးကျ သန်စွမ်းသူများကြီးစိုးတဲ့ လူ့ဘောင်မှသည် အားလုံး တန်း တူညီတူရရှိတဲ့ လူ့ဘောင်သို့ အသွင်ပြောင်းလဲသင့်ပြီးဖြစ်တယ်။ သင့်အနေနဲ့ သင့်၏ ပတ်၀န်းကျင်အတွက် အထက်ပါ အချက် (၅)ချက်ထဲက မည်သည့် အချက်ကို အကောင်အထည် ဖော်ဆောင်ရွက် မလဲဆိုတာကို စဥ်းစားပြီး အကောင်အထည်စဖော်ကြဖို့ အကြံပြုလိုက်ရပါတယ်။

Ref: Rick Hansen Foundation

TharHtoo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top