အွန်နရီကိုကြိုက်လို့ အာဆင်နယ်ကို အားပေးခဲ့တယ်ဆိုတဲ့ ပေါ့ဘာ

15-4-2020-yyl-005.jpg

ပြင်သစ်တိုက်စစ်မှူး အွန်နရီကို စံပြကစားသမားအဖြစ် အားကျအတုယူခဲ့လို့ အာဆင်နယ်အသင်း ပရိသတ်ဖြစ်ခဲ့ဖူးတယ်လို့ မန်ယူကွင်းလယ်လူ ပေါ့ဘာက ပြောပါတယ်။ နည်းပြအာစင်ဝင်းဂါးလက်ထက်မှာ အာဆင်နယ်အသင်းက အွန်နရီ၊ ပီရက်စ်၊ ဗီအဲရာတို့လို ကစားသမားတွေအပါအဝင် ပြင်သစ်ကစားသမားအင်အား တောင့်တင်းခဲ့ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ သူ့အစ်ကိုက မန်ယူအသင်းကို အားပေးလို့ ပေါ့ဘာကလည်း မန်ယူကို ပြောင်းပြီး အားပေးခဲ့တာပါ။

” အရိုးသားဆုံး ပြောရရင်တော့ အစပိုင်းမှာ ကျွန်တော်က အာဆင်နယ်ပရိသတ်ပါ။ ပြင်သစ်ကစားသမားတွေ ရှိလို့လေ။ ကျွန်တော်နဲ့ ကျွန်တော့်အစ်ကို တစ်ယောက်က အာဆင်နယ်ပရိသတ်ပါ။ ဒါပေမဲ့ တခြားအစ်ကိုကတော့ မန်ယူပရိသတ်လေ။ ကျွန်တော်က အွန်နရီက သဘောကျလို့ အာဆင်နယ်ပရိသတ်ဖြစ်ခဲ့တာပါ။ နောက်တော့ မန်ယူကို ပြောင်းပြီး အားပေးခဲ့တယ်”လို့ ပေါ့ဘာက ပြောပါတယ်။ အင်္ဂလန်ကို ပေါ့ဘာ ရောက်လာချိန်မှာတော့ အွန်နရီက အာဆင်နယ်ကနေ ထွက်ခွာပြီး ဘာစီလိုနာကို ပြောင်းရွှေ့ကစားနေပါပြီ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top