ချင်းပြည်နယ်မှာဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့် ချင်း၊ မကွေးနဲ့ စစ်ကိုင်းမှာ ယာယီစစ်ဘေးရှောင်စခန်း (၁၀၀) ကျော်ရှိနေပြီဖြစ်

17-6-2021-yyl-78.jpg

ချင်းပြည်နယ်လတ်တလောဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ချင်းပြည်နယ်၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးတွေမှာ ယာယီစစ်ဘေးရှောင်စခန်း စုစုပေါင်း (၁၀၀) ကျော်ရှိနေပြီဖြစ်တယ်လို့ သိရပါတယ်။

ချင်းပြည်နယ်က မြို့နယ် (၅) ခု ၊ မကွေးတိုင်းဒေသကြီးနဲ့ စစ်ကိုင်းတိုင်းဒေသကြီးက မြို့နယ် (၁) ခုဆီမှာ ယာယီစစ်ဘေးရှောင်စခန်း စုစုပေါင်း (၁၀၀) ကျော်ရှိနေပြီဖြစ်ကာ အဲ့ဒီစခန်းတွေမှာ နေထိုင်သူ လူဦးရေ (၂၀,၀၀၀) ကျော် ရှိနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

အခုလဆန်းအထိ ချင်းပြည်နယ်မှာ ချင်းပြည်နယ်ကာကွယ်ရေးတပ်ဖွဲ့ (CDF) နဲ့ တပ်မတော်တို့ကြား တိုက်ပွဲတွေဖြစ်ပွားနေပြီး ဇွန်လ (၂၀) ရက်နေ့မှ ဇူလိုင်လ (၄) ရက်နေ့အထိ နှစ်ဘက်ကြား (၁၄) ရက်ကြာတဲ့အထိ အပစ်အခတ်မရှိဖို့ ညှိနှိုင်းထားပါတယ်။

ဖေဖော်ဝါရီ (၁) ရက်နေ့ နောက်ပိုင်းဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့တောင်ပိုင်း နေရာတွေ လူဦးရေ (၁၇၇,၅၀၀) ဝန်းကျင်က နေရပ်စွန့်ခွာ ထွက်ပြေးနေထိုင်နေရတယ်လို့ United Nations OCHA ရဲ့ သုတေသနအစီရင်ခံစာအရ သိရပါတယ်။

Photo- Chin World
Cherry(ရိုးရာလေး)
ပုံစာ- ချင်းပြည်နယ်က စစ်ဘေးရှောင်ပြည်သူများ

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply