NLD ကို ဦးဆောင်တဲ့သူတွေကြားမှာ နေရာလုတယ်ဆိုတာ မရှိခဲ့ဘူးလို့ဆို

13-8-2020-yyl-030.jpg

ရန်ကုန် ဩဂုတ် ၁၃

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ကို ဦးဆောင်တဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့တွေကြားထဲမှာ နေရာလုတယ် ဆိုတာ ဘယ်တုန်းကမှမရှိခဲ့ဘူးလို့ အဖွဲ့ချုပ်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူသို့ပြောကြားခြင်း အပိုင်း(၂)မှာ ထည့်သွင်းပြောကြားလိုက်ပါတယ်။

NLD ရဲ့ အစဥ◌်အလာဟာ နေရာလုတာမဟုတ်ဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် နေရာပေးတာ၊ တစ်ယောက်ပေါ် တစ်ယောက် သစ္စာစောင့်သိတာ၊ တစ်ယောက်ကို တစ်ယောက် ကူညီကာကွယ်တာကသာ NLD ရဲ့ အစဥ◌်အလာဖြစ်တယ်လို့ ၎င်းက ဆိုပါတယ်။

အခုလို ဦးဆောင်သူတွေကြားမှာ နေရာလုတယ်ဆိုတာ မရှိပေမယ့် အဖွဲ့ဝင်တွေကြားမှာတော့ လူ့သဘာဝအရ၊ အဖွဲ့အစည်းတွေရဲ့ သဘာဝအရ ဒီအစဥ်အလာတွေကို ဖောက်ဖျက်ပြီး နေရာလုတာ၊ တစ်ယောက်နဲ့ တစ်ယောက် ရန်လုပ်တာတွေ ရှိခဲ့တယ်လို့လည်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ဒါပေမဲ့ ဘယ်လိုပြဿနာတွေဖြစ်ခဲ့ဖြစ်ခဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ မူလကတည်းကထိန်းသိမ်း ခဲ့တဲ့ တန်ဖိုးထားတွေကို လက်မလွှတ်ဘဲ အခုချိန်ထိ ဒီတန်ဖိုးထားတွေ ဆက်ပြီးရှင်သန်အောင် ကြိုးစားဆောင်ရွက် နေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

KST(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top