ဂျူဗင်တပ်နည်းပြသစ် ပီယာလိုကို ဂွာဒီယိုလာနဲ့ ခိုင်းနှိုင်းလိုက်တဲ့ အားကစားဒါရိုက်တာ

12-8-2020-yyl-022.jpg

နည်းပြဘဝ ပထမဆုံး အတွေ့အကြုံအဖြစ် ဂျူဗင်တပ်အသင်းကို တာဝန်ယူမယ့် ပီယာလိုဟာ မန်စီးတီးနည်းပြ ဂွာဒီယိုလာလို စွမ်းဆောင်ပြနိုင်သူဖြစ်တယ်လို့ ဘရက်ရှားအသင်း အားကစားဒါရိုက်တာ ဂျီယန်လူကာနာနီက ချီးကျူးခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက်ပိုင်း တစ်ရာသီပဲ ကိုင်တွယ်ရသေးတဲ့ နည်းပြဆာရီကို ရာထူးက ထုတ်ပယ်ခဲ့ပြီး နာရီပိုင်းအကြာမှာပဲ ပီယာလိုကို ခန့်အပ်ခဲ့တာပါ။

အသက် ၄၁ နှစ်ရှိတဲ့ ပီယာလိုဟာ ပြီးခဲ့တဲ့ဇူလိုင်လကုန်ကမှ ဂျူဗင်တပ် ယူ-၂၃ အသင်းကို စတင်ကိုင်တွယ်ခွင့်ရခဲ့သူပါ။ ဂျူဗင်တပ်အသင်းက အတွေ့အကြုံနုနယ်တဲ့ ပီယာလိုကို နည်းပြခန့်အပ်လိုက်တဲ့အတွက် ဘောလုံးလောကတစ်ခုလုံး အံ့အားသင့်ခဲ့ရပါတယ်။ ”သူက ခိုင်မာပြတ်သားတဲ့ စရိုက်လက္ခဏာရှိသူပါ။ နိုင်ပွဲရလိုစိတ် ပြင်းပြသူပါ။ အပြုသဘောဆောင်ပြီး စိတ်ဓာတ်ကြံ့ခိုင်သူပါ။ သူက ထိပ်တန်းနည်းပြဖြစ်လာမယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။ သူ့ဆီမှာ ဂွာဒီယိုလာရဲ့ပုံစံမျိုး တွေ့နေရပါတယ်”လို့ နာနီက ပြောပါတယ်။ ပီယာလိုဟာ ဘရက်ရှားလူငယ်အသင်းကနေ ထွက်ပေါ်လာခဲ့သူဖြစ်ပြီး အသက် ၁၆ နှစ်အရွယ်မှာပဲ ပွဲဦးထွက် ကစားခွင့်ရရှိခဲ့သူပါ။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top