မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်တွင်ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတင်း

59552345_1285499161605159_370079220019232768_n.jpg

မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာတို့တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဖန်နီ” (FANI) ၏အခြေအနေများကို ယနေ့နံနက်တွင် ထုတ်ပြန်ဖော်ပြလိုက်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏အခြေအနေ

ယနေ့မြန်မာစံတော်ချိန် (၀၆:၃၀) အချိန်တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အီကွေတာအနီး အိန္ဒိယသမုဒ္ဒရာတို့ တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဖန်နီ” (FANI) သည် အနောက် မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး သီရိလင်္ကာနိုင်ငံ၊ ထရင်ကိုမာလီမြို့ (Trincomalee) ၏ အရှေ့ဘက် မိုင် (၃၄၀) ခန့်၊ အိန္ဒိယနိုင်ငံ၊ ချင်းနိုင်မြို့ (Chennai) ၏ အရှေ့တောင်ဘက် မိုင် (၄၈၀) ခန့်၊ မာချီလီပတ္တနမ်မြို့ (Machilipatnam) ၏ အရှေ့တောင်ဘက် မိုင် (၅၇၀) ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) သည် အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

ဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI) ၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည် ရွေ့လျားမည့်အခြေအနေမရှိသေးသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ပါသည်။

ဆိုင်ကလုန်းမုန်တိုင်း၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI)သည် မြန်မာစံတော်ချိန် (၀၆:၃၀) အချိန်တွင် မြောက်လတ္တီကျု (၈.၅) ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၆.၉) ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၈) ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၅၅) မိုင်နှုန်း ဖြစ်ပါသည်။

နောက် (၃၆) နာရီအတွင်း အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI) အဖြစ်သို့ ရောက်ရှိနိုင်

နောက် (၇၂) နာရီအတွက်ခန့်မှန်းချက်

အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ”(FANI) သည် နောက် (၆) နာရီအတွင်း အားကောင်း သောဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) “ဖန်နီ”(FANI) အဖြစ်သို့လည်းကောင်း၊ နောက် (၃၆) နာရီအတွင်း အားအလွန်ကောင်းသောဆိုင်ကလုန်းမုန်တိုင်း (Very Severe Cyclonic Storm) “ဖန်နီ” (FANI) အဖြစ်သို့လည်းကောင်း ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။ အဆိုပါဆိုင်ကလုန်းမုန်တိုင်း”ဖန်နီ”(FANI) သည် အနောက်မြောက်ဘက်သို့ရွေ့လျားပြီး နောက် (၇၂) နာရီအတွင်း မြောက်-အရှေ့မြောက်ဘက်သို့ကွေ့ကာ ရွေ့လျားမည်ဟု ခန့်မှန်းရပါသည်။

အကြံပြုချက်

အဆိုပါဆိုင်ကလုန်းမုန်တိုင်း “ဖန်နီ” (FANI) နှင့်ပတ်သက်၍ ပြည်တွင်းလေကြောင်းပျံသန်း ရေး၊ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများအနေဖြင့် သတိပြု၍ ကြိုတင်ပြင်ဆင်မှုများပြုလုပ်နိုင်စေရန် အကြံပြုဖော်ပြအပ်ပါသည်။

Ref: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top