ချန်ပီယံရှစ်မှာ ထိပ်ဆုံးနေရာ ဦးဆောင်နေကြပေမဲ့ လိဒ်နဲ့ ဝက်စ်ဘရွန်းအသင်း ပရီးမီးယားလိဂ် တန်းတက်ခွင့်ရဖို့ ရတက်မအေး ဖြစ်နေရ

13-5-2020-yyl-027.jpg

ချန်ပီယံရှစ်ပြိုင်ပွဲကို ရာသီပြီးဆုံးအောင် မကျင်းပနိုင်ရင် လိဒ်ယူနိုက်တက်နဲ့ ဝက်စ်ဘရွန်းအသင်းတွေအနေနဲ့ ပရီးမီးယားလိဂ် တန်းတက်ခွင့် ငြင်းဆန်ခံရဖွယ်ရှိတယ်လို့ Telegraph သတင်းဌာနက ဖော်ပြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကြောင့် ဘောလုံးပွဲတွေ မဆိုင်းငံံ့ခင်အချိန်အထိ ချန်ပီယံရှစ်အမှတ်ပေးဇယား ထိပ်ဆုံးနေရာမှာ ဦးဆောင်နေတဲ့ လိဒ်ယူနိုက်တက်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတဲ့ ဝက်စ်ဘရွန်းအသင်းတွေဟာ တတိယနေရာက ဖူလ်ဟမ်အသင်းကို ၇ မှတ်နဲ့ ၆ မှတ်စီ ဖြတ်ထားနိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေကို ရာသီပြီးဆုံးတဲ့အထိ ကွင်းပိတ်ယှဉ်ပြိုင်ပေမဲ့ ချန်ပီယံရှစ်ပြိုင်ပွဲကို ရာသီမကုန်ခင် အဆုံးသတ်မယ်ဆိုရင် တန်းဆင်းရမယ့် အသင်းတွေကို ရွေးချယ်ဖို့ မမျှတဘူးလို့ ပရီးမီးယားလိဂ်ကလပ်တွေက သတ်မှတ်ထားကြပါတယ်။ ပရီးမီးယားလိဂ်ကို ရာသီပြီးဆုံးအောင် ကစားပြီး တန်းဆင်းရမယ့်အသင်း ရွေးချယ်ချိန်မှာ ချန်ပီယံရှစ်ပြိုင်ပွဲကို လက်ရှိအခြေအနေနဲ့ အဆုံးသတ်ပြီး တန်းတက်ရမယ့်အသင်း ရွေးချယ်ရင် တန်းဆင်းရတဲ့ အသင်းတွေက တရားစွဲဆိုလာမှာကို ပရီးမီးယားလိဂ်အသင်းတွေက စိုးရိမ်နေကြပါတယ်။

ဒါပေမဲ့ ဒီရာသီအတွက် တန်းဆင်းရမယ့် စနစ်ကို ဖျက်သိမ်းတာ၊ ဒီရာသီတစ်ခုလုံးကို ဖျက်သိမ်းပြီး အကျုံးမဝင်ဘူးလို့ သတ်မှတ်တာမျိုး ခွင့်မပြုနိုင်ဘူးလို့ အက်ဖ်အေက သတိပေးထားပါတယ်။ တန်းဆင်းတာရော၊ တန်းတက်တာရောကို တူညီတဲ့ အခြေအနေတစ်ခုတည်းအောက်မှာ သတ်မှတ်ပေးသင့်ပြီး အထူးအခွင့်အရေးပေးတာမျိုးမလုပ်သင့်ဘူးလို့ ကလပ်တွေက တုံ့ပြန်ထားပါတယ်။ ချန်ပီယံရှစ်ရဲ့ လက်ရှိအမှတ်ပေးဇယား ရပ်တည်မှုအရဆိုရင် လိဒ်နဲ့ ဝက်စ်ဘရွန်းအသင်းက တိုက်ရိုက်တန်းတက်ခွင့်ရရှိမှာဖြစ်သလို တစ်ပွဲပျမ်းမျှရမှတ်နှုန်း(ပွဲစဉ် ၃၇ ပွဲ ကစားပြီးချိန်မှာ)နဲ့တွက်ရင်လည်း တန်းတက်ခွင့်ရမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top