ဂျမေကာနိုင်ငံက သက်ကြီးရွယ်အိုတွေအတွက် ရိက္ခာထုပ်တွေ ပို့ပေးခဲ့တဲ့ စတာလင်

13-5-2020-yyl-026.jpg

မန်စီးတီးတိုက်စစ်မှူး စတာလင်က သူ့ရဲ့မွေးရပ်မြေဖြစ်တဲ့ ဂျမေကာနိုင်ငံက သက်ကြီးရွယ်အိုတွေအတွက် ရိက္ခာထုပ်တွေ ပို့ပေးခဲ့ပါတယ်။ စတာလင်ကို ဂျမေကာနိုင်ငံ မာဗာလေမြို့မှာ မွေးဖွားခဲ့ပြီး ၅ နှစ်သားအရွယ်အထိ ဒီမြို့မှာ နေထိုင်ခဲ့တာပါ။ စတာလင်က သူ့ရဲ့မွေးရပ်မြေအတွက် ပုံမှန်အားဖြင့် လှူဒါန်းမှုတွေ ပြုလုပ်လေ့ရှိပါတယ်။ အခုလို COVID-19 ကပ်ရောဂါ ရင်ဆိုင်နေရချိန်မှာလည်း သက်ကြီးရွယ်အိုတွေ အဆင်ပြေစေဖို့ စတာလင်က ရိက္ခာထုပ်တွေ ပို့ပေးခဲ့တာပါ။

ပြီးခဲ့တဲ့တနင်္လာနေ့မှာ အသက် ၈၀ အရွယ်ရှိတဲ့ ဖလောရင့်ကမ်းဘဲလ်က စတာလင် ပို့ပေးလိုက်တဲ့ ရိက္ခာထုပ်နဲ့အတူ ဓာတ်ပုံရိုက်ခံခဲ့ပြီး အဲဒီဓာတ်ပုံကို Jamaica Observer သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ စတာလင်က သူ့ရဲ့မွေးရပ်မြေက လူတွေ ဘေးအန္တရာယ် ကင်းရှင်းအောင် နေထိုင်ကြဖို့လည်း မှာကြားခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top