ဘရစ္စဘိန်းအင်တာနေရှင်နယ်ပြိုင်ပွဲမှာ တစ်ကျော့ပြန်ပါဝင်ကစားမယ့် ရုရှားတင်းနစ်မယ် ရှာရာပိုဗာ

yyl-058.jpg

ကမ္ဘာ့အဆင့်(၁)တင်းနစ်မယ်ဖြစ်ခဲ့ဖူးတဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာကတော့ သြစတြေးလျအိုးပင်းပြိုင်ပွဲအကြို သွေးပူလေ့ကျင့်ခန်းပြိုင်ပွဲအဖြစ် တင်စားကြတဲ့ ဘရစ္စဘိန်းအင်တာနေရှင်နယ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။ အသက်(၃၂)နှစ်ရှိတဲ့ ရှာရာပိုဗာဟာ ပြီးခဲ့တဲ့သြဂုတ်လက အမေရိကန်အိုးပင်းပြိုင်ပွဲ ပထမအဆင့်မှာ ကစားပြီးနောက်ပိုင်း ဘယ်ပြိုင်ပွဲမှာမှ ပါဝင်ခဲ့ခြင်းမရှိပါဘူး။ သူဟာ ကာလရှည် ခံစားခဲ့ရတဲ့ ပခုံးဒဏ်ရာကြောင့် ဒီရာသီမှာ ပြိုင်ပွဲ(၈)ခုပဲ ကစားခွင့်ရခဲ့လို့ ကမ္ဘာ့အဆင့်(၁၃၃)အထိ ကျဆင်းခဲ့သူပါ။ ဇန်နဝါရီလ ၆ ရက်ကနေ ၁၂ ကြားကာလအတွင်း ကျင်းပမယ့် ဘရစ္စဘိန်းအင်တာနေရှင်နယ်ပြိုင်ပွဲမှာ လက်ရှိကမ္ဘာ့အဆင့်(၁)တင်းနစ်မယ် အက်ရှ်ဘာတီ၊ ဂျပန်တင်းနစ်မယ် နာအိုမီအိုဆာကာ၊ ချက်တင်းနစ်မယ် ပလစ်ကိုဗာတို့ ပါဝင်ယှဉ်ပြိုင်မှာပါ။

”မနှစ်တုန်းက ခက်ခဲတဲ့ရာသီ ကြုံခဲ့ပြီး ဒီတစ်ကြိမ်ကတော့ အသစ်တစ်ဖန် စတင်မှုပါ။ အတက်အကျကြမ်းခဲ့ပါတယ်။ ကျွန်မအတွက် ပွဲကစားဖို့ အဆင်သင့်ဖြစ်နေပေမဲ့ ပခုံးဒဏ်ရာ မသက်သာတဲ့အချိန်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကောင်းကောင်းမွန်မွန် ရာသီသိမ်းနိုင်ခဲ့ပြီး ပြိုင်ပွဲကစားဖို့ စိတ်အားထက်သန်နေပါတယ်။ ကစားသမားဘဝရဲ့ ဒီလိုအချိန်မှာ ဒီလိုခံစားရတာကတော့ ကောင်းတဲ့လက္ခဏာတစ်ရပ်ပါ”လို့ရှာရာပိုဗာက ပြောပါတယ်။ ဂရင်းစလင်းဆုဖလား(၅)ကြိမ် ဆွတ်ခူးခဲ့ဖူးတဲ့ ရှာရာပိုဗာဟာ ကစားသမားဘဝတစ်လျှောက် ပခုံးဒဏ်ရာတွေကြောင့် အခက်တွေ့ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အစောပိုင်းမှာ ခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။ ၂၀၁၈ ခုနှစ်က သြစတြေးလျအိုးပင်းပြိုင်ပွဲ ဗိုလ်စွဲခဲ့တဲ့ ရှာရာပိုဗာဟာ ၂၀၁၆ ခုနှစ်က တားမြစ်ဆေးသုံးစွဲကြောင်း တွေ့ရှိခဲ့လို့ (၁၅)လပွဲပယ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသူပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top