မိုက်တိုင်ဆန်နဲ့ လက်ဝှေ့ပွဲထိုးမယ်လို့ ရှန်နွန်ဘရစ် ပြော

20-5-2020-yyl-022.jpg

ရန်ပုံငွေတိုးမြှင့်ရရှိရေးအတွက် အသက် ၅၃ နှစ်အရွယ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲကို တစ်ကျော့ပြန်ဝင်ရောက်လာမယ့် မိုက်တိုင်ဆန်နဲ့ ထိုးသတ်သွားမယ်လို့ ရှန်နွန်ဘရစ်က ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ဟာ ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး အသက် ၅၇ နှစ်အရွယ်ရှိတဲ့ သူ့ရဲ့ပြိုင်ဘက်ဟေဟာင်း အီဗန်ဒါဟိုလီဖီးနဲ့ တတိယပွဲစဉ် ထိုးသတ်ဖို့ နီးစပ်နေပါတယ်။

ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းတစ်ဦးဖြစ်တဲ့ ရှန်နွန်ဘရစ်ကလည်း အင်စတာဂရမ်ကနေ Live လွှင့်ချိန်မှာ မိုက်တိုင်ဆန်နဲ့ထိုးသတ်ဖို့ တရားဝင်ဖြစ်ပြီလို့ ဆိုခဲ့ပါတယ်။ ” မိုက်တိုင်ဆန်နဲ့ ပြောပြီးသားပါ။ ဒီကိစ္စက သူနဲ့ ကျွန်တော့်အပေါ် မူတည်တယ်။ ကျွန်တော်တို့ပွဲဖြစ်အောင် လုပ်မယ်။ ဒါက တရားဝင်ပဲ။ ကျားနဲ့ ဆင် လယ်ပြင်မှာ တွေ့မှာပေါ့။ လက်သီးနဲ့ပဲ စကားပြောကြတာပေါ့” လို့ ရှန်နွန်ဘရစ်က ပြောပါတယ်။ အမေရိကန်လက်ဝှေ့သမားဟောင်း ရှန်နွန်ဘရစ်ဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပွဲစဉ်တစ်ပွဲမျှ ထိုးသတ်ခဲ့ခြင်းမရှိပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top