စကော့တလန်ဥယျာဥ်တစ်ခုမှာ ဆယ်စုနှစ်တစ်ခု​​ကြာအောင်ရှိနေခဲ့တဲ့ ဂေါ်ရီလာရုပ်တု အခိုးခံရ

23.3.2023-yyl-iamge-4.jpg

၈ ပေရှိတဲ့ ဂါရီအမည်ရှိ ဂေါ်ရီလာရုပ်တုဟာ စကော့တလန်နိုင်ငံက ဥယျာဉ်စင်တာတစ်ခုကနေ ခိုးယူခံလိုက်ရပါတယ်။ လူတစ်စုက တနင်္လာနေ့ညလယ်လောက်မှာဖန်ထည်နဲ့ ပြုလုပ်ထားတဲ့ အဲ့ဒီရုပ်တုကို ဖြုတ်ယူသွားခဲ့တာပါ။

နှစ်တော်တော်ကြာ အဲ့ဒီရုပ်တုက အလည်အပတ်လာရောက်သူတွေကြား အထူးသဖြင့် လူငယ်တွေကြား ရေပန်းစားခဲ့တာပါ။ ခိုးယူခံလိုက်ရတော့ Reynard Nursery ဥယျာဥ်ပိုင်ရှင်ဖြစ်တဲ့ အန်ဒရူး စကော့တ် ထိတ်လန့်တုန်လှုပ်သွားခဲ့ရပါတယ်။ အဖြူရောင်ဗန်ကားတစ်စီးနဲ့ ရောက်လာတဲ့လူတစ်စုက မြေကြီးကနေ ဂါရီကို ဖြုတ်ပြီး ကားအတွင်း ထည့်နေတာကို CCTV မှတ်တမ်းမှာ တွေ့ခဲ့ရပါတယ်။

ပုံရိပ်တွေကတော့မှုန်ဝါးနေတယ်လို့ မစ္စတာအန်ဒရူး ဆိုပါတယ်။ သူက ဂေါ်ရီလာရုပ်တု အခိုးခံရတာကို TikTok မှာ မျှဝေခဲ့ပါသေးတယ်။ ဒီရုပ်တုက အလည်အပတ်လာရောက်သူတွေကို ပျော်ရွှင်မှုပေးတဲ့အပြင် ပစ္စည်းပို့သမားတွေအတွက် အကောင်းဆုံးလမ်းညွှန်အမှတ်အသားဖြစ်ခဲ့တယ်လို့ အန်ဒရူးရဲ့ပြောစကားအရ သိရပါတယ်။ ဂေါ်ရီလာရုပ်တု ကောင်းကောင်းမွန်မွန်နဲ့ ပြန်ရောက်လာဖို့ မျှော်လင့်ပြီး ပြန်ထားပေးမယ်ဆိုရင် လိုက်ရှာတာ၊ အရေးယူတာတွေမလုပ်ဘူးလို့ ခိုးယူသွားတဲ့လူတစ်စုကို အန်ဒရူးက တောင်းဆိုထားပါတယ်။

Ref: Thieves manage to flee with 8ft Gary the Gorilla statue from garden centre

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top