ရာသီတုပ်ကွေးအကြောင်းသိကောင်းစရာ

istockphoto-1226065553-170667a.jpg

One woman, young woman with Covid-19 symptoms sitting on sofa at home, holding thermometer.

ရာသီတုပ်ကွေးရောဂါက ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားတတ်တဲ့ ရောဂါတစ်မျိုးဖြစ်ပြီး ကမ္ဘာ့နေရာ အနှံ့အပြားမှာ ပြန်နှံ့နေပါတယ်။ ရာသီတုပ်ကွေးဟာ အသက်အရွယ်အုပ်စုအားလုံးမှာ ဖြစ်ပွားနိုင်ပါတယ်။ မြန်မာနိုင်ငံမှာဆိုရင် ရာသီတုကွေးရောဂါက မိုးရာသီကာလမှာ အဖြစ်များတဲ့ရောဂါ ဖြစ်ပါတယ်။

ရောဂါလက္ခဏာများ

  • အဖျားကြီးခြင်း
  • ချောင်းဆိုးခြင်း (အများအားဖြင့် ချောင်းခြောက်ဆိုးခြင်း)
  • လည်ချောင်းနာခြင်း
  • ခေါင်းကိုက်ခြင်း
  • ကိုယ်လက်ကိုက်ခဲခြင်း၊ ကြွက်သားတွေ နာကျင်ခြင်း
  • ရောဂါကူးစက်ခံရတဲ့အချိန်မှာ ရောဂါလက္ခဏာတွေ ခံစားရတဲ့ အချိန်ထိ ရောဂါပျိုးရက် (၂) ရက်ဝန်းကျင်ဖြစ်ပြီး (၁) ရက်ကနေ (၄) ရက်အတွင်းလည်း ဖြစ်နိုင်ပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်း

  • ရာသီတုပ်ကွေး ကာကွယ်ဆေးထိုးနှံခြင်းက ရောဂါဖြစ်ပွားမှုကို ထိရောက်စွာ ကာကွယ်နိုင်ရုံသာမက ဖြစ်ပွားလာပါကလည်း ရောဂါပြင်းထန်မှုကို လျော့ချပေးနိုင်ပါတယ်။
  • ကာကွယ်ဆေးထိုးနှံခြင်းက တုပ်ကွေးရောဂါ အန္တရာယ်ဖြစ်ပွားနိုင်ခြေရှိတဲ့ သူတွေအတူနေထိုင်တာ (သို့မဟုတ်) သူတို့ကို ပြုစုစောင့်ရှောက်သူတွေအတွက်လည်း အလွန်အရေးပါ ပါတယ်။

ကာကွယ်ဆေးထိုးသင့်တဲ့ အသက်အရွယ်

  • ကိုယ်ဝန်ဆောင်မိခင်တွေ (မည်သည့် ကိုယ်ဝန်ရက်သတ္တပတ်မဆို)
  • အသက် (၆) လမှ (၅) နှစ်အရွယ် ကလေးတွေ
  • သက်ကြီးရွယ်အိုတွေ (အသက် ၆၅ နှစ်အထက်)
  • နာတာရှည်ရောဂါရှိသူတွေ
  • ကျန်းမာရေးဝန်ထမ်းတွေ

ကာကွယ်ရေးနည်းလမ်းများ

  • ရာသီတုကွေးရောဂါက ချောင်းဆိုးရာမှ ထွက်လာတဲ့ အမှုန်အစက်တွေကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါဖြစ်ပါတယ်။ လေထဲမှာ ပျံ့နှံ့ပေါက်ပွားပြီး ကူးစက်တတ်တဲ့ ရောဂါမဟုတ်ပါ။
  • ချောင်းဆိုခြင်း (သို့မဟုတ်) နှာချေခြင်းတွေကတစ်ဆင့် တုပ်ကွေး ဗိုင်းရပ်စ်ပိုး ပါဝင်တဲ့ အမှုန်အစက်လေးတွေက လေထဲမှာ တစ်မီတာအထိ ပျံ့နှံ့ရောက်ရှိသွားတဲ့အခါ အနီးဝန်းကျင်မှာရှိနေတဲ့ လူတွေက အဲ့ဒီအမှုန်အစက်လေးတွေကို ရှုမိတဲ့အခါ တခြားသူတွေကို ကူးစက်နိုင်ပါတယ်။
  • ရောဂါပိုး ကပ်ငြိနေတဲ့ လက်တွေက တစ်ဆင့်လဲ ကူးစက်နိုင်ပါတယ်။
  • လက်ကို ဆက်ပြာ၊ ရေနဲ့ မကြာခဏ ဆေးကြောပေးတာ၊ ရောဂါပိုးတွယ်ကပ်နိုင်တဲ့ စားပွဲ၊ ထိုင်ခုံ စတဲ့ မျက်နှာပြင်တွေကို သန့်ရှင်းပေးတာတွေက ရောဂါကာကွယ်ရေးအတွက် အဓိကကျတဲ့ အချက်ဖြစ်ပါတယ်။
  • အာဟာရရှိတဲ့ အစာအစာတွေကို စားသုံးပါ။ ရေများများသောက်ပါ။
  • ကောင်းမွန်စွာ အနားယူပါ။ မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှုတွေကို ပြုလုပ်ပါ။
  • ရာသီတုပ်ကွေးရောဂါလက္ခာဏာတွေကို ခံစားနေရပါက (သို့မဟုတ်) သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဝန်ထမ်းတွေဆီက အကြံဉာဏ်ရယူပြီး စောင့်ရှောက်မှုခံယူပါ။

Photo- Internet
Source- ကမ္ဘာ့ကျန်းမာရေးအဖွဲ့
Team(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top